မင်းတပ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်း ကိုဗစ်ရောဂါကူးစက်ခံရ

မင်းတပ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းဟာ လွှတ်တော်အစည်းအဝေးတက်ရောက်ဖို့ ကိုဗစ်ရောဂါစစ်ဆေးရာ ဒီကနေ့ Positive တွေ့ရှိတယ်လို့ သတင်းရရှိပါတယ်။

ဦးအောင်သန်းက ၎င်းလူမှုကွန်ယက်စာမျက်နှာတွင် “မိမိအနေဖြင့် ချင်းပြည်နယ်လွှတ်တော် ၂၃ ကြိမ် ပုံမှန်အစည်းအဝေးတက်ရောက်ရန် နိုဝင်ဘာ(၂၉)နေ့ မင်းတပ်မြို့တွင် Covid-19 Test Kit ဖြင့်စစ်ဆေးရာ Positive အဖြေတွေ့ရှိခဲ့ပါသည်။ အခုမိမိသည် မင်းတပ်ဆေးရုံတွင် Q ဝင်နေပြီး ကျန်းမာလျက်ရှိကြောင်း တင်ပြအပ်ပါသည်” လို့ရေးသားထားပါတယ်။

ဆက်လက်ပြီး ၎င်းက နိုဝင်ဘာ (၁၆)ရက် နဲ့ အဲ့ဒီနောက်ပိုင်း ၎င်းနဲ့အနီးကပ်တွေ့ဆုံထိတွေ့ခဲ့ကြတဲ့သူတွေအားလုံး Q ဝင်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ဒါကြောင့် ပြည်နယ်လွှတ်တော်အစည်းအဝေးကို အွန်းလိုင်းကနေ တက်ရောက်နိုင်ဖို့စီစဉ်ထားပါတယ်။ ၎င်းဟာ အရင်ကချင်းပြည်နယ်လွှတ်တော် ဒု-ဥက္ကဌတာဝန်ယူခဲ့သူလည်းဖြစ်ပါတယ်။

(Zawgyi)

မင္းတပ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္သန္း ကိုဗစ္ေရာဂါကူးစက္ခံရ

မင္းတပ္ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္သန္းဟာ လႊတ္ေတာ္အစည္းအေဝးတက္ေရာက္ဖို႔ ကိုဗစ္ေရာဂါစစ္ေဆးရာ ဒီကေန႔ Positive ေတြ႔ရွိတယ္လို႔ သတင္းရရွိပါတယ္။

ဦးေအာင္သန္းက ၄င္းလူမႈကြန္ယက္စာမ်က္ႏွာတြင္ “မိမိအေနျဖင့္ ခ်င္းျပည္နယ္လႊတ္ေတာ္ ၂၃ ၾကိမ္ ပံုမွန္အစည္းအေဝးတက္ေရာက္ရန္ ႏိုဝင္ဘာ(၂၉)ေန႔ မင္းတပ္ၿမိဳ႕တြင္ Covid-19 Test Kit ျဖင့္စစ္ေဆးရာ Positive အေျဖေတြ႔ရွိခဲ့ပါသည္။ အခုမိမိသည္ မင္းတပ္ေဆးရံုတြင္ Q ဝင္ေနၿပီး က်န္းမာလ်က္ရွိေၾကာင္း တင္ျပအပ္ပါသည္” လို႔ေရးသားထားပါတယ္။

ဆက္လက္ၿပီး ၄င္းက ႏိုဝင္ဘာ (၁၆)ရက္ နဲ႔ အဲ့ဒီေနာက္ပိုင္း ၄င္းနဲ႔အနီးကပ္ေတြ႔ဆံုထိေတြ႔ခဲ့ၾကတဲ့သူေတြအားလံုး Q ဝင္ေပးၾကဖို႔ ေမတၱာရပ္ခံထားပါတယ္။

ဒါေၾကာင့္ ျပည္နယ္လႊတ္ေတာ္အစည္းအေဝးကို အြန္းလုိင္းကေန တက္ေရာက္ႏိုင္ဖို႔စီစဥ္ထားပါတယ္။ ၄င္းဟာ အရင္ကခ်င္းျပည္နယ္လႊတ္ေတာ္ ဒု-ဥကၠဌတာဝန္ယူခဲ့သူလည္းျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်