မတူပီမြို့နယ်တွင် စစ်ဘေးရှောင် ၁၀၀၀ ကျော် အရေးပေါ်အကူအညီလိုအပ်နေ

မတူပီ-ပလက်ဝလမ်းပေါ် ထယ်ဘွေးရွာတွင်ရှိသော စစ်ကောင်စီစခန်းကို ရိက္ခာဖြည့်ရန် မတ်လ ၂၀ ရက်နေ့တွင် မတူပီမြို့ကနေ စတင်ထွက်ခွာလာခဲ့သော ကား ၃ စီးနှင့် အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီတပ်ကို CDF-Matupi နှင့် CNA ပူးပေါင်းတပ်က အကြိမ်ကြိမ် တိုက်ခိုက်လာခဲ့တာ ခုဆို ၁၀ ရက်ခန့်ရှိလာပြီဖြစ်ပါတယ်။

စစ်ကောင်စီတပ်ကြောင့် မတူပီမြို့နှင့် ထယ်ဘွေးစခန်း အကြားတွင်ရှိသော ကျေးရွာ ၄ ရွာခန့်က ပြည်သူ ၁၀၀၀ ကျော်ဟာလည်း တောထဲသို့ ထွက်ပြေးတိမ်းရှောင်လာတာ ၁ လ နီးပါးရှိလာပြီဖြစ်ပါတယ်။ ရက်ပေါင်းများစွာ တောထဲတွင် ဆက်တိုက်နေရသောကြောင့် စစ်ဘေးရှောင်သူများဟာ စားနပ်ရိက္ခာနှင့် ဆေးဝါးများအပြင် အခြားသော လိုအပ်ချက်များစွာ ရှိလာကြောင်း ဒေသခံများထံက သိရပါတယ်။

တွီရှစ်ရွာက အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးဟာလည်း တောထဲထွက်ပြေးချိန်တွင် အိမ်ခဏပြန်ခဲ့ရာ ပျောက်သွားခဲ့ပြီး ဒီနေ့အထိ ပြန်မတွေ့သေးကြောင်း သိရပါတယ်။ ဒေသခံများဟာ တောင်ယာမီးရှို့ချိန်ရောက်နေပြီဖြစ်သော်လည်း စစ်ကောင်စီတပ်ကြောင့် တောထဲ ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် လိုအပ်သော စားနပ်ရိက္ခာနှင့်ဆေးဝါးများအတွက် ပြည်တွင်းပြည်ပက အလှူရှင်များအနေနဲ့ အမြန်ဆုံးကူညီပေးစေလိုကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ၃၄ မိုင်သာ ဝေးသော ခရီးကို ခုချိန်တွင် ခရီးတစ်ဝက်သာ ပေါက်သောကြောင့် ဒေသခံများကတော့ ဘယ်ချိန် အိမ်ပြန်နိုင်မလဲဆိုတာကို မသိကြပါဘူး။ စစ်ကောင်စီတပ်သားများကို ဒီကနေ့မှာလည်း ခလောင်စဲန်းတွင် CDF-Matupi က ဆက်လက်တိုက်ခိုက်ခဲ့ပြီးနောက် ဝလံပီရွာနှင့် ကလားရွာကို ဗျူဟာကုန်းကနေ စစ်တပ်က လက်နက်ကြီးဖြင့် တောင်လျှောက်ထုပြီး

Zalen ad

လက်နက်ကြီးများဟာ ရွာနီးနားတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ် အကျဉ်းသား တွေကို ပြစ်ဒဏ်လျှော့ပေါ့သက်သာခွင့်ပြု

ဧပြီ ၁၇ ၊ ၂၀၂၆ Zalen ဒီနေ့ ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ရဲ့ သမ္မတရုံးကနေ အကျဉ်းသားတွေအတွက် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ကို ထုတ်ပြန်လိုက်ပါတယ်။ နှစ်သစ် အထိမ်းအမှတ်အနေနဲ့ရော၊ ပြည်သူတွေ ...

ဆက်ဖတ်ရန်