မတူပီမြို့နယ် ဖနိုင်ရွာသား ၂ ဦး ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ပတ်သက်လို့ဆိုကာဖမ်းဆီးခံရ

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဖနိုင်ကျေးရွာတွင် နေထိုင်သော အမျိုးသား နှစ်ဦးဟာ ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်သားများက လာရောက်ဖမ်းခဲ့ကြောင်း သိရပါတယ်။

ဖမ်းဆီးခံရသောသူများဟာ အသက် ၂၃ နှစ်အရွယ် ဟီလ်မော့ခ် နှင့် အသက် ၃၃ နှစ်အရွယ် အော့စဘွန်းတို့ဖြစ်ကြောင်း သိရပါတယ်။

၎င်းတို့နှစ်ဦးဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင်ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများနဲ့ ပတ်သက်သည်ဟုဆိုကာ နာမည်ထွက်သောကြောင့် အဖမ်းခံရသူတစ်ယောက်ကို သတိပေးကာ ရှောင်တိမ်းရန် ပြောခဲ့သော်လည်း ရှောင်တိမ်းခြင်း မပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် မနေ့ညတွင် လာရောက်ဖမ်းဆီးကာ ဗျူဟာတပ်ကုန်းကို ခေါ်ဆောင်သွားကြောင်း သိရပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ထွက်ပြေးသွားသော မတူပီမြို့ အခြေစိုက် စစ်ကောင်စီတပ်သားများကို ပြန်လည်ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီက ဝါဒဖြန့်ထားသော်လည်း ယနေ့အချိန်အထိ အတည်ပြုလို့ မရသေးပါ။

Zalen ad

နောက်ဆုံးရသတင်းများ

ဗာတီကန်မှာ ရဟန်းမင်းကြီးနဲ့ ကလေးသာသနာပြုနယ် ဆရာတော်ကြီးတို့ တွေ့ဆုံ

ဇွန် ၈၊ ၂၀၂၆Zalen ကမ္ဘာ့ကက်သလစ်အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) နဲ့ မြန်မာနိုင်ငံ၊ ကလေးကက်သလစ်သာသနာပြုနယ် (Kalay Diocese) ရဲ့ ဆရာတော်ကြီး အပါအဝင် မြန်မာ ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ ...

ဆက်ဖတ်ရန်