ရိခေါ်ဒါရ်မြို့တွင် ကျန်းမာရေးဝန်ထမ်း (၂)ဦးအပါရိခေါ်ဒါရ်မြို့တွင် ကျန်းမာရေးဝန်ထမ်း (၃)ဦးအပါအဝင် လူ ၄ ယောက်ထံ ကိုဗစ်ရောဂါတွေ့ရှိတာကြောင့် ရုံးခဏနားရအဝင် လူ ၃ ယောက်ထံ ကိုဗစ်ရောဂါတွေ့ရှိတာကြောင့် ရုံးခဏနားရ

မြန်မာ နဲ့ အိန္ဒိယနယ်စပ်မှာရှိတဲ့ ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့မှာ ကျန်းမာရေးဝန်ထမ်း (၃)ဦးအပါအဝင် လူ ၄ ယောက်ထံ ကိုဗစ်ရောဂါတွေ့ရှိတာကြောင့် ဒီနေ့ ရုံးခဏနားရတယ်လို့သတင်းရရှိပါတယ်။

ပထမဆုံးပိုးတွေ့လူနာဟာ ရိခေါ်ဒါရ်မြို့ အမှတ် (၂)ရပ်ကွက်မှာနေထိုင်ပြီး ကုန်စုံဆိုင်ရောင်းချနေတဲ့အမျိုးသားတစ်ဦးဖြစ်ပါတယ်။ ၎င်းရဲ့ ရည်းစားသူနာပြုဆရာမကိုထပ်မံစစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိတာကြောင့် သူနဲ့နီးစပ်တဲ့ သူတွေစစ်ဆေးရာ တိုက်နယ်ဆေးရုံတာဝန်ခံ ဆရာဝန်တစ်ဦးထံ ရောဂါပိုးထပ်မံတွေ့ရှိပါတယ်။ ပြီးနောက် ဆေးရုံမှာအလုပ်လုပ်နေတဲ့ သူနာပြုဆရာမ တစ်ဦးထံထပ်မံတွေ့ရှိထားပါတယ်။

ရိခေါ်ဒါရ်မြို့ တိုက်နယ်ဆေးရုံတာဝန်ခံ ဆရာဝန်က “သူနာပြုဆရာမမှာ Positive တွေ့တာနဲ့ ကျနော်လည်း သေချာအောင်ဆိုပြီး စစ်ဆေးလိုက်တော့ Positive ဖြစ်တယ်။ ပထမဆုံး လူနာက ခရီးသွားရာဇဝင်လည်းမရှိတော့ ဘယ်လိုကူးစက်တာလည်းဆိုတာစုံစမ်းနေတုန်း။ ကျနော်လည်း ဌာနဆိုင်ရာတွေမှာ အဝင်အထွက်များတော့ အကုန်လုံး ဆေးစစ်နေကြတယ်။ ဒါကြောင့် ရုံးခဏနားထားတယ်။ ဆေးရုံကတော့ ဖလမ်းဘက်က ဝန်ထမ်းတွေ လာဖြည့်ပေးမယ်လို့ သိရတယ်။ အခု ဆေးရုံမှာ လူနာ ၅ ယောက်လောက်ပဲရှိတယ်” လို့ပြောပါတယ်။

ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်ပိုးတွေ့လူနာဟာ ဒါပထမဆုံးအကြိမ်တွေ့ရှိတာဖြစ်ပါတယ်။ ရိခေါ်ဒါရ်မြို့ဟာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တာကြောင့် ကုန်တင်ကားတွေကိုတော့ အရင်အတိုင်း ဆေးစစ်ပြီးမှသာ သွားလာခွင့်ပြုထားမယ်လို့သတင်းရရှိပါတယ်။

(Zawgyi)

ရိေခၚဒါရ္ၿမိဳ႕တြင္ က်န္းမာေရးဝန္ထမ္း (၃)ဦးအပါအဝင္ လူ ၄ ေယာက္ထံ ကိုဗစ္ေရာဂါေတြ႕ရွိတာေၾကာင့္ ႐ုံးခဏနားရ

ျမန္မာ နဲ႔ အိႏၵိယနယ္စပ္မွာရွိတဲ့ ဖလမ္းၿမိဳ႕နယ္ ရိေခၚဒါရ္ၿမိဳ႕မွာ က်န္းမာေရးဝန္ထမ္း (၃)ဦးအပါအဝင္ လူ ၄ ေယာက္ထံ ကိုဗစ္ေရာဂါေတြ႕ရွိတာေၾကာင့္ ဒီေန႔ ႐ုံးခဏနားရတယ္လို႔သတင္းရရွိပါတယ္။

ပထမဆုံးပိုးေတြ႕လူနာဟာ ရိေခၚဒါရ္ၿမိဳ႕ အမွတ္ (၂)ရပ္ကြက္မွာေနထိုင္ၿပီး ကုန္စုံဆိုင္ေရာင္းခ်ေနတဲ့အမ်ိဳးသားတစ္ဦးျဖစ္ပါတယ္။ ၎ရဲ႕ ရည္းစားသူနာျပဳဆရာမကိုထပ္မံစစ္ေဆးရာမွ ေရာဂါပိုးေတြ႕ရွိတာေၾကာင့္ သူနဲ႔နီးစပ္တဲ့ သူေတြစစ္ေဆးရာ တိုက္နယ္ေဆး႐ုံတာဝန္ခံ ဆရာဝန္တစ္ဦးထံ ေရာဂါပိုးထပ္မံေတြ႕ရွိပါတယ္။ ၿပီးေနာက္ ေဆးရံုမွာအလုပ္လုပ္ေနတဲ့ သူနာျပဳဆရာမ တစ္ဦးထံထပ္မံေတြ႔ရွိထားပါတယ္။

ရိေခၚဒါရ္ၿမိဳ႕ တိုက္နယ္ေဆး႐ုံတာဝန္ခံ ဆရာဝန္က “သူနာျပဳဆရာမမွာ Positive ေတြ႕တာနဲ႔ က်ေနာ္လည္း ေသခ်ာေအာင္ဆိုၿပီး စစ္ေဆးလိုက္ေတာ့ Positive ျဖစ္တယ္။ ပထမဆုံး လူနာက ခရီးသြားရာဇဝင္လည္းမရွိေတာ့ ဘယ္လိုကူးစက္တာလည္းဆိုတာစုံစမ္းေနတုန္း။ က်ေနာ္လည္း ဌာနဆိုင္ရာေတြမွာ အဝင္အထြက္မ်ားေတာ့ အကုန္လုံး ေဆးစစ္ေနၾကတယ္။ ဒါေၾကာင့္ ႐ုံးခဏနားထားတယ္။ ေဆးရံုကေတာ့ ဖလမ္းဘက္က ဝန္ထမ္းေတြ လာျဖည့္ေပးမယ္လို႔ သိရတယ္။ အခု ေဆးရံုမွာ လူနာ ၅ ေယာက္ေလာက္ပဲရွိတယ္” လို႔ေျပာပါတယ္။

ရိေခၚဒါရ္ၿမိဳ႕တြင္ ကိုဗစ္ပိုးေတြ႕လူနာဟာ ဒါပထမဆုံးအႀကိမ္ေတြ႕ရွိတာျဖစ္ပါတယ္။ ရိေခၚဒါရ္ၿမိဳ႕ဟာ နယ္စပ္ကုန္သြယ္ေရးၿမိဳ႕ျဖစ္တာေၾကာင့္ ကုန္တင္ကားေတြကိုေတာ့ အရင္အတိုင္း ေဆးစစ္ၿပီးမွသာ သြားလာခြင့္ျပဳထားမယ္လို႔သတင္းရရွိပါတယ္။

နောက်ဆုံးရသတင်းများ

သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံးနိုင်ငံတွေထဲ အဆင့် ၁၇၁ နေရာမှာ မြန်မာ ရှိနေ

၃၊ မေ၊ ၂၀၂၄ Zalen သတင်းလွတ်လပ်ခွင့် အဆိုးဝါးဆုံး နိုင်ငံတွေထဲမှာမြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၁ နေရာမှာ ရပ်တည် နေပါတယ်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၄ ...

ဆက်ဖတ်ရန်