ရွေးကောက်ပွဲကာလအသုံးစရိတ်တွင် ဦးနိုထန်ကပ်ထက် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်ရဲ့အသုံးစရိတ်ပိုများ

ရွေးကောက်ပွဲကာလ လွှတ်တော်ကိုယ်စားလှယ်အသုံးစရိတ်စာရင်းတွင် ချင်းပါတီပူးတွဲဥက္ကဌ ဦးနိုဝန်ကပ်အသုံးစရိတ်ထက် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်ရဲ့အသုံးစရိတ်ဟာ ၄ သိန်းကျော်နဲ့ပိုများနေတယ်လို့ ဖလမ်းခရိုင် ရွေးကောက်ပွဲကော်မရှင်ခွဲထံမှသတင်းရရှိပါတယ်။

၎င်းတို့နှစ်ဦးဟာ ဖလမ်းမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၂)တွင် ယှဉ်ပြိုင်ကြပါတယ်။ ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်ရဲ့အသုံးစရိတ်ဟာ ၆,၆၁၂,၈၄၀ ဖြစ်ပြီး ဦးနိုထန်ကပ်ရဲ့အသုံးစရိတ်ဟာ ၆,၁၈၀,၀၀၀ ဖြစ်ပါတယ်။ ရွေးကောက်ပွဲတွင် ဆလိုင်းလျန်လွယ်က အနိုင်ရရှိခဲ့ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကာလတွင် ကိုယ်စားလှယ်လောင်းတစ်ဦးဟာ သိန်း ၁၀၀ သာအသုံးပြုခွင့်ပေးထားတယ်။ ယင်းအသုံးစရိတ် ပုံစံ (၂၀)ဖြင့် ရွေးကောက်ပွဲကျင်းပတဲ့ရက်ကနေ ရက်ပေါင်း (၃၀)ကြာ (ဒီဇင်ဘာလ ၈ ရက်)တွင် ကိုယ်စားလှယ်လောင်းတွေအားလုံး စာရင်းတင်သွင်းရမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်း (၁၁၉)ဦးရှိပြီး ဖလမ်းခရိုင်တွင် ကိုယ်စားလှယ်လောင်း ((၆၅)ဦး၊ ဟားခါးခရိုင်တွင် ကိုယ်စားလှယ်လောင်း (၂၂)ဦး၊ မင်းတပ်ခရိုင်တွင် ကိုယ်စားလှယ်လောင်း (၃၂)ဦးရှိပါတယ်။

ချင်းပြည်နယ် ကိုယ်စားလှယ်လောင်းတွေထဲမှာ သိန်း (၁၀၀)ကျော်အသုံးပြုတဲ့ ကိုယ်စားလှယ်လောင်းမရှိပါ။ အများဆုံးအသုံးပြုကတော့ ၉၈ သိန်းထိရှိတယ်လို့ ခရိုင်ကော်မရှင်တွေထံကနေသတင်းရရှိပါတယ်။

(Zawgyi)

ေ႐ြးေကာက္ပြဲကာလအသုံးစရိတ္တြင္ ဦးႏိုထန္ကပ္ထက္ ဝန္ႀကီးခ်ဳပ္ ဆလိုင္းလ်န္လြယ္ရဲ႕အသုံးစရိတ္ပိုမ်ား

ေ႐ြးေကာက္ပြဲကာလ လႊတ္ေတာ္ကိုယ္စားလွယ္အသုံးစရိတ္စာရင္းတြင္ ခ်င္းပါတီပူးတြဲဥကၠဌ ဦးႏိုဝန္ကပ္အသုံးစရိတ္ထက္ ဝန္ႀကီးခ်ဳပ္ ဆလိုင္းလ်န္လြယ္ရဲ႕အသုံးစရိတ္ဟာ ၄ သိန္းေက်ာ္နဲ႔ပိုမ်ားေနတယ္လို႔ ဖလမ္းခ႐ိုင္ ေ႐ြးေကာက္ပြဲေကာ္မရွင္ခြဲထံမွသတင္းရရွိပါတယ္။

၎တို႔ႏွစ္ဦးဟာ ဖလမ္းၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္အမွတ္ (၂)တြင္ ယွဥ္ၿပိဳင္ၾကပါတယ္။ ဝန္ႀကီးခ်ဳပ္ ဆလိုင္းလ်န္လြယ္ရဲ႕အသုံးစရိတ္ဟာ ၆,၆၁၂,၈၄၀ ၿဖစ္ၿပီး ဦးႏိုထန္ကပ္ရဲ႕အသုံးစရိတ္ဟာ ၆,၁၈၀,၀၀၀ ျဖစ္ပါတယ္။ ေရြးေကာက္ပြဲတြင္ ဆလုိင္းလ်န္လြယ္က အႏိုင္ရရွိခဲ့ပါတယ္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေ႐ြးေကာက္ပြဲကာလတြင္ ကိုယ္စားလွယ္ေလာင္းတစ္ဦးဟာ သိန္း ၁၀၀ သာအသုံးျပဳခြင့္ေပးထားတယ္။ ယင္းအသံုးစရိတ္ ပံုစံ (၂၀)ျဖင့္ ေရြးေကာက္ပြဲက်င္းပတဲ့ရက္ကေန ရက္ေပါင္း (၃၀)ၾကာ (ဒီဇင္ဘာလ ၈ ရက္)တြင္ ကိုယ္စားလွယ္ေလာင္းေတြအားလံုး စာရင္းတင္သြင္းရမယ္လို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကေၾကညာထားပါတယ္။

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲမွာ ခ်င္းျပည္နယ္တြင္ ေ႐ြးေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္သူ ကိုယ္စားလွယ္ေလာင္း (၁၁၉)ဦးရွိၿပီး ဖလမ္းခ႐ိုင္တြင္ ကိုယ္စားလွယ္ေလာင္း ((၆၅)ဦး၊ ဟားခါးခ႐ိုင္တြင္ ကိုယ္စားလွယ္ေလာင္း (၂၂)ဦး၊ မင္းတပ္ခ႐ိုင္တြင္ ကိုယ္စားလွယ္ေလာင္း (၃၂)ဦးရွိပါတယ္။

ခ်င္းျပည္နယ္ ကိုယ္စားလွယ္ေလာင္းေတြထဲမွာ သိန္း (၁၀၀)ေက်ာ္အသုံးျပဳတဲ့ ကိုယ္စားလွယ္ေလာင္းမရွိပါ။ အမ်ားဆုံးအသုံးျပဳကေတာ့ ၉၈ သိန္းထိရွိတယ္လို႔ ခ႐ိုင္ေကာ္မရွင္ေတြထံကေနသတင္းရရွိပါတယ္။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်