လမ်းမဘေးမှာမြေမြှုပ်သဂြိုလ်ခံရတဲ့ မိုင်ရွှေလှေတီာလ်ရဲ့ နာရေးအလှူ သိန်း ၉၀၀ ကျော်ရရှိ

မလေးရှားနိုင်ငံတွင် တိုက်ပေါ်က ပြုတ်ကျသေဆုံးပြီး ဇာတိထန်တလန်မြို့သို့အဝင် အာဏာပိုင်တွေက ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလို့အကြောင်းပြကာ မြို့ပြင်လမ်းမဘေးတွင်မြေမြှုပ်ခဲ့တဲ့ မိုင် ရွှေလှေတီာလ် (၂၁နှစ်) ရဲ့ နာရေးအတွက် ပြည်တွင်းပြည်ပမှ အလှူရှင်ထံမှသိန်း ၉၂၀ ကျော်ရရှိတယ်လို့သတင်းရရှိပါတယ်။

နာရေးအလှူထည့်ဝင်တဲ့သူတွေကတော့ အမေရိကန်၊ နော်ဝေ၊ သြစတြေလျ၊ ဒိန်းမတ်၊ မလေးရှား၊ တရုတ်၊ နယူးဇီလန်၊ ဂျပန်၊ ဂျာမနီ၊ ပြည်တွင်း၊ Chinland Post, Saya Cung Hu, Rev.Dr. Hre Mang (USA) တို့ဖြစ်ပါတယ်။

မိုင်ရွှေလှေတီာလ်နဲ့ဆွေမျိုးတော်စပ်သူ ဒေါ်ဒေါ့ဟလမ်ဆုန်က “နာရေးအလှူငွေနဲ့ မိုင်ရွှေလှေတီာလ်အမေရဲ့အိမ်ဆောက်ဖို့စိတ်ကူးထားတယ်။ ဘာလို့လဲဆိုရင် သူတို့အိမ်ကလည်း တဲအိမ်သာသာပဲရှိတော့ အိမ်ကောင်းကောင်းပြန်ဆောက်မယ်။ သူ့အမေက အသက် ၄၀ ကျော်လောက်ဖြစ်ပေမယ့် အဆုတ်မကောင်းတော့ မကြာခဏဆေးရုံတက်ရတယ်လေ။ ဒီကိစ္စမှာပါဝင်တဲ့ မြို့နယ်အာဏာပိုင်တွေကို အရေးယူထားတာမသိရသေးပါဘူး။ ကျမတို့ကတော့ ထန်တလန်ကနေ ပြောင်းရွေ့တာဖြစ်ဖြစ် အရေးယူမှုတစ်ခုခုလုပ်စေချင်တယ်။ သူတို့မျက်နှာကိုမမြင်ချင်တော့ဘူး” လို့ပြောပါတယ်။

မိုင်ရွှေလှေတီာလ် (၂၁နှစ်)ဟာ စက်တင်ဘာလ (၂၉)ရက် ည (၈)နာရီခန့်တွင် ၎င်းနေထိုင်တဲ့ တိုက် (၉)လွှာကနေ ပြုတ်ကျ၍ သေဆုံးသွားပါတယ်။ အလောင်းကို အောက်တိုဘာလ (၃)ရက်ညတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မလေးရှားဆေးရုံရဲ့လက်မှတ်နဲ့ ရောက်လာခဲ့ပါတယ်။ ထန်တလန်မြို့သို့ အောက်တိုဘာလ (၄)ရက်ညနေပိုင်းတွင်ရောက်လာပြီး မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ကျန်းမာရေးမှူး၊ ရဲစသည်တို့က ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကြောင့်ဟုဆိုကာ အဝင်မခံသဖြင့် ဟားခါး-ထန်တလန် လမ်းမဘေး တွင် ညတွင်းချင်းမြေမြှုပ်သဂြိုလ်ခိုင်းကြပါတယ်။ ဒါပေမယ့် မီဒီယာနဲ့ ဒေသခံပြည်သူတွေရဲ့တောင်းဆိုမှုကြောင့် အောက်တိုဘာလ ၆ ရက်ညတွင် အလောင်းကိုပြန်ဖော်ခိုင်းပြီး ထန်တလန် သင်္ချိုင်းတွင်သဂြိုလ်ကြပါတယ်။

ချင်းပြည်နယ်အစိုးရကတော့ ယင်းလုပ်ရပ်ဟာ စေတနာအမှား လို့ပြန်လည်ဖြေရှင်းကြပေမယ့် ပြည်သူတွေကတော့ လက်မခံကြပါ။

(Zawgyi)

လမ္းမေဘးမွာေျမျမႇဳပ္သၿဂိဳလ္ခံရတဲ့ မိုင္ေရႊေလွတီာလ္ရဲ႕ နာေရးအလႉ သိန္း ၉၀၀ ေက်ာ္ရရွိ

မေလးရွားႏိုင္ငံတြင္ တုိက္ေပၚက ျပဳတ္က်ေသဆံုးၿပီး ဇာတိထန္တလန္ၿမိဳ႕သို႔အဝင္ အာဏာပိုင္ေတြက ကိုဗစ္-၁၉ ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရးလုိ႔အေၾကာင္းျပကာ ျမိဳ႕ျပင္လမ္းမေဘးတြင္ေျမျမွဳပ္ခဲ့တဲ့ မိုင္ ေရႊေလွတီာလ္ (၂၁ႏွစ္) ရဲ႕ နာေရးအတြက္ ျပည္တြင္းျပည္ပမွ အလွဴရွင္ထံမွသိန္း ၉၂၀ ေက်ာ္ရရွိတယ္လုိ႔သတင္းရရွိပါတယ္။

နာေရးအလွဴထည့္ဝင္တဲ့သူေတြကေတာ့ အေမရိကန္၊ ေနာ္ေဝ၊ ၾသစေၾတလ်၊ ဒိန္းမတ္၊ မေလးရွား၊ တရုတ္၊ နယူးဇီလန္၊ ဂ်ပန္၊ ဂ်ာမနီ၊ ျပည္တြင္း၊ Chinland Post, Saya Cung Hu, Rev.Dr. Hre Mang (USA) တို႔ျဖစ္ပါတယ္။

မိုင္ေ႐ႊေလွတီာလ္နဲ႔ေဆြမ်ဳိးေတာ္စပ္သူ ေဒၚေဒါ့ဟလမ္ဆုန္က “နာေရးအလွဴေငြနဲ႔ မိုင္ေရႊေလွတီာလ္အေမရဲ႕အိမ္ေဆာက္ဖို႔စိတ္ကူးထားတယ္။ ဘာလို႔လဲဆိုရင္ သူတို႔အိမ္ကလည္း တဲအိမ္သာသာပဲရွိေတာ့ အိမ္ေကာင္းေကာင္းျပန္ေဆာက္မယ္။ သူ႔အေမက အသက္ ၄၀ ေက်ာ္ေလာက္ျဖစ္ေပမယ့္ အဆုတ္မေကာင္းေတာ့ မၾကာခဏေဆးရံုတက္ရတယ္ေလ။ ဒီကိစၥမွာပါဝင္တဲ့ ၿမိဳ႕နယ္အာဏာပိုင္ေတြကို အေရးယူထားတာမသိရေသးပါဘူး။ က်မတို႔ကေတာ့ ထန္တလန္ကေန ေျပာင္းေရြ႕တာျဖစ္ျဖစ္ အေရးယူမႈတစ္ခုခုလုပ္ေစခ်င္တယ္။ သူတို႔မ်က္ႏွာကုိမျမင္ခ်င္ေတာ့ဘူး” လို႔ေျပာပါတယ္။

မိုင္ေ႐ႊေလွတီာလ္ (၂၁ႏွစ္)ဟာ စက္တင္ဘာလ (၂၉)ရက္ ည (၈)နာရီခန႔္တြင္ ၎ေနထိုင္တဲ့ တိုက္ (၉)လႊာကေန ျပဳတ္က်၍ ေသဆုံးသြားပါတယ္။ အေလာင္းကို ေအာက္တိုဘာလ (၃)ရက္ညတြင္ ရန္ကုန္ အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ မေလးရွားေဆး႐ုံရဲ႕လက္မွတ္နဲ႔ ေရာက္လာခဲ့ပါတယ္။ ထန္တလန္ၿမိဳ႕သို႔ ေအာက္တုိဘာလ (၄)ရက္ညေနပိုင္းတြင္ေရာက္လာၿပီး ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးနဲ႔ က်န္းမာေရးမွဴး၊ ရဲစသည္တို႔က ကိုဗစ္-၁၉ ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရးေၾကာင့္ဟုဆိုကာ အဝင္မခံသျဖင့္ ဟားခါး-ထန္တလန္ လမ္းမေဘး တြင္ ညတြင္းခ်င္းေျမျမွဳပ္သၿဂိဳလ္ခိုင္းၾကပါတယ္။ ဒါေပမယ့္ မီဒီယာနဲ႔ ေဒသခံျပည္သူေတြရဲ႕ေတာင္းဆိုမႈေၾကာင့္ ေအာက္တုိဘာလ ၆ ရက္ညတြင္ အေလာင္းကိုျပန္ေဖာ္ခိုင္းၿပီး ထန္တလန္ သခၤ်ဳိင္းတြင္သၿဂိဳလ္ၾကပါတယ္။

ခ်င္းျပည္နယ္အစိုးရကေတာ့ ယင္းလုပ္ရပ္ဟာ ေစတနာအမွား လုိ႔ျပန္လည္ေျဖရွင္းၾကေပမယ့္ ျပည္သူေတြကေတာ့ လက္မခံၾကပါ။

 

နောက်ဆုံးရသတင်းများ

ဘူးသီးတောင်က စစ်ကောင်စီ တပ်စခန်းအားလုံး AA သိမ်းပိုက်

၁၉၊ မေလ၊ ၂၀၂၄ Zalen ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို တိုက်ခိုက် သိမ်းပိုက် ရရှိထားတယ်လို့ အာရက္ခတပ်တော်(AA)က မနေ့ မေလ ၁၈ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဘူးသီးတောင်မြို့က စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေဖြစ်တဲ့ ...

ဆက်ဖတ်ရန်