သက်ငယ်မုဒိမ်းမှုကျူးလွန်ဟုစွပ်စွဲထားသော ဧဝံဂေလိဆရာတော်ကို ဒုတိယအကြိမ်ရုံးထုတ်မည်

သက်ငယ် မိန်းကလေးနှစ်ဦးကိုမုဒိမ်းမှုကျူးလွန်သည်ဟုစွပ်စွဲထားသော ဧဝံဂေလိဆရညတော် Lal Biak Lar@ Lar Boih ကို ပထမရမန်ရက်စေ့၍ ဧပြီလ(၂၇)ရက်နေ့တွင် ဒုတိယအကြိမ် ကလေးမြို့ ခရိုင်တရားရုံးတွင် ရုံးထုတ်မည်ဟုသတင်းရရှိသည်။

“မနက်ဖြန်တော့ ယောကျ်ားလေးဘက်ကိုပဲစစ်မယ်။ ဒီနေ့ မိန်းကလေးနှစ်ယောက်ကို ဆေးရုံမှာ ဓာတ်မှန်ရိုက်ဖို့ ဆရာဝန်ခေါ်ထားတယ်” ဟုမုဒိမ်းကျင့်ခံရသည်ဟုအမှုဖွင့်သူဘက်ကပါဝင် ဆောင်ရွက်သူ ဦးပါလိန်းကပြောသည်။ကလေးမြို့နယ် လက်ပံချောင်းကျေးရွာတွင်နေထိုင်သော ဧဝံဂေလိဆရာတော် Lal Biak Lar@Lar Boih သည် ၎င်းနေအိမ်တွင် ဖလမ်းမြို့နယ်မှ လာရောက်နေထိုင်သော မိုင်…..(၁၅)နှစ်ကို ၂၀၁၅ ခုနှစ် ဇွန်လပိုင်းတွင်လည်းကောင်း၊မိုင်……(၁၄)နှစ်ကို ၂၀၁၈ ခုနှစ် ဧပြီလတွင်လည်းကောင်း အဓမ္မပြုကျင့်ရန်ကြိုးစားအားထုတ်မှု၊ နာကျင်စေမှုတို့ကြောင့် ကလေးမြို့နယ် ရဲစခန်းမှ ပုဒ်မ (၃၇၆/၅၁၁)၊ (၃၂၃)၊ (၅၀၆) တို့ဖြင့် ဧပြီလ(၁၃)ရက်တွင် အမှုဖွင့်ဖမ်းဆီးခဲ့သည်။

နောက်ဆုံးရသတင်းများ

နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ် အကျဉ်းသား တွေကို ပြစ်ဒဏ်လျှော့ပေါ့သက်သာခွင့်ပြု

ဧပြီ ၁၇ ၊ ၂၀၂၆ Zalen ဒီနေ့ ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ရဲ့ သမ္မတရုံးကနေ အကျဉ်းသားတွေအတွက် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ကို ထုတ်ပြန်လိုက်ပါတယ်။ နှစ်သစ် အထိမ်းအမှတ်အနေနဲ့ရော၊ ပြည်သူတွေ ...

ဆက်ဖတ်ရန်