သြစတြေးလျနိုင်ငံရောက် မြန်မာစစ်တပ်မိသားစုဝင်တွေကို ရှာဖွေစစ်ဆေးတော့မယ်

သြစတြေးလျနိုင်ငံ ပြည်ထဲရေးဌာနက မြန်မာစစ်တပ်အစိုးရရဲ့ ဆွေမျိုးတွေကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ The Sydney Morning Herald ကမေလ (၅)ရက်က ဖော်ပြထားပါတယ်။

ဒါဟာ အာဏာသိမ်းစစ်အစိုးရကို တစ်နည်းနည်းနဲ့ ဘဏ္ဍငွေထောက်ပံ့မှု အားနည်းအောင်ရည်ရွယ်ခြင်းဖြစ်တယ်လို့ရေးသားထားပါတယ်။

သြစတြေးလျပြည်တွင်း သတင်းစာတွေကတော့ အာဏာသိမ်းစစ်အစိုးရလူကြီးပိုင်းတွေနဲ့ ဆက်နွယ်တဲ့လူ အနည်းဆုံး (၂၂)ယောက်ဟာ သြစတြေးလျနိုင်ငံတွင်နေထိုင်ကြောင်းစာရင်းရထားတယ်လို့ဖော်ပြထားတယ်။

မနေ့ (မေ ၅)ရက်က သြစတြေးလျအစိုးရက မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားတာကြောင့် မိခင်နိုင်ငံသို့ အတင်းမပြန်စေဘဲ ဗီဇာထပ်တိုးလို့ရကြောင်းကြေညာခဲ့တယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ သြစတြေးလျရောက်မြန်မာတွေက ၎င်းတို့မိသားစုကိုငွေကြေးထောက်ပံ့နေတဲ့ သြစတြေးလျရောက်စစ်တပ်မိသားစုဝင်တွေရဲ့ ဗီဇာကိုတော့ ထပ်တိုးခွင့်မပေးဖို့ တောင်းဆိုကြပါတယ်။

သြစတြေးလျရောက် မြန်မာနိုင်ငံသား ဆရာဝန်တစ်ဦးဖြစ်တဲ့ နန်းစီစီဝင်းက “ဒီနေရာမှာရှိနေတဲ့သူတွေကိုခေါ်ယူပြီးအရေးယူပါ။ အနည်းဆုံးတော့သူတို့ကသူတို့ရဲ့မြေးတွေ၊ ကလေးတွေကိုထိခိုက်တာကိုသူတို့သိကြလိမ့်မယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်တွေသားသမီးတွေက သြစတြေးလျမှာရယ်၊ အမေရိကန်ရယ်၊ အင်္ဂလန်ရယ် အများဆုံးက စင်ကာပူနိုင်ငံမှာရှိကြတယ်။ အဲ့နေရာကတော့ ဆန်ရှင်မရှိတော့ ငွေကြေးတွေလည်း လွှတ်လွှတ်လပ်လပ်လွှဲပြောင်းနိုင်တယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှုက သူတို့နာမည်နဲ့တိုက်ရိုက်မထားပဲ တခြားလူတစ်ယောက်ရဲ့နာမည်နဲ့ရှိနိုင်တယ်။ ဒါကြောင့်သူတို့ရဲ့ပိုင်ဆိုင်မှုကိုသေချာစစ်ဆေးပြီး လွှဲပြောင်းလို့မရအောင်လုပ်ရမယ်။ သူတို့ကို ပြည်နှင်ဒဏ်ပေးသင့်ပြီးတော့ ဗီဇာကိုလည်းရပ်ဆိုင်းသင့်တယ်” လို့ပြောပါတယ်။

သြစတြေးလျအစိုးရက တပ်မတော်အရာရှိ ၅ ဦးကို ရိုဟင်ဂျာတွေအကြမ်းဖက်မှုနဲ့ ယခင်ကတည်းက အရေးယူပိတ်ဆို့မှုလုပ်ခဲ့ပါတယ်။

အလုပ်သမားပါတီက လွှတ်တော်အမတ် ဂျူလျန်ဟီလ်က “သြစတြေးလျက လူ့အခွင့်အရေးကိုချိုးဖောက်တဲ့ လူတွေရဲ့ မိသားစုကို ခိုလုံခွင့်ပေးတာ၊ ကာကွယ်တာမဖြစ်သင့်ဘူး။ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သံသယလူတွေကို စုံစမ်းရှာဖွေရမယ်” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာ -ဘင်္ဂလားဒေရှ့်နယ်စပ်က ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို AA သိမ်းယူ

၂၅၊ မတ်၊ ၂၀၂၄ Zalen မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ...

ဆက်ဖတ်ရန်