အင်အားဖြည့်တင်းဖို့ မင်းတပ်ဘက်ကိုဦးတည်လာတဲ့ စစ်ယာဉ်တန်းတားဆီးဖို့ အုန်းတောတံတားကို ၂ ကြိမ်ဖောက်ခွဲ

HAK/ ၆၊အောက်တိုဘာ၊၂၀၂၃

Zalen

မကွေးတိုင်း၊ပေါက်မြို့နယ်မှ မင်းတပ်ဘက်ကိုရိက္ခာပို့ရန် ဦးတည်လာတဲ့ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ စစ်ယာဉ်တန်းအစီးရေ ၇၀ကျော်ကို တားဆီးဖို့ အုန်းတော တံတားကို ၂ ကြိမ် ဖောက်ခွဲခဲ့တယ်လို့သိရပါတယ်။

ချောင်းကူးတံတားဖြစ်တဲ့ အုန်းတော တံတားကို စက်တင်ဘာလ ၃၀နဲ့ အောက်တိုဘာ ၃ရက်မှာ ၂ကြိမ်တိုင်တော်လှန်ရေးတပ်ဖွဲ့များက ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၈ရက်နေ့ကတည်းက ပခုက္ကူကနေ စတင်ထွက်ခွါလာတဲ့ အင်အား ၂၀၀ကျော်ပါတဲ့ စစ်ယာဉ်တန်းဟာ လမ်းပိတ်ဆို့တားဆီးခံရမှုကြောင့် ပေါက်မြို့နယ်အတွင်းမှာရှိတဲ့ ပျူစောထီးတွေအားကောင်းတဲ့ ယာကြီးပြင်ရွာမှာပဲ လက်ရှိတပ်ချထားပါတယ်။

နယ်မြေရှင်းလင်းရေးများလုပ်ဆောင်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း မကြာခဏ ထိတွေ့ပစ်ခတ်မှုရှိနေတယ်လို့ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံက သိရပါတယ်။

ယမန်နှစ် ၂၀၂၂မေလအတွင်းမှာလည်းမင်းတပ်ကို ဦးတည်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တားဆီးဖို့ အုန်းတောတံတားကို ဖောက်ခွဲခဲ့ဖူးပါတယ်။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်