အင်းလေးဖောင်တော်ဦးဘုရားပွဲကို လုံခြုံရေးအများအပြားချထားပြီးမှ စစ်ကောင်စီ ဥက္ကဌတက်ရောက်

ချစ်ခြင်းနွေ၊ ၂၂၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေး ဖောင်တော်ဦးဘုရားပွဲတော်ကို အောက်တိုဘာ ၂၁ရက်နေ့က စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာတွေက အောက်တိုဘာ ၂၂ရက်နေ့မှာ ဖော်ပြပါတယ်။

အဲဒီလို စစ်ကောင်စီဥက္ကဌ တက်ရောက်ခဲ့တာကြောင့် ပွဲလာရောက်တဲ့ ဒေသခံတွေအပါအဝင် ခရီးသွားတွေကိုပါ လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Zalen ad

“ သူတို့ မလာခင်ကတည်းက အဲ့မှာ စစ်သားတွေ နေရာယူထားတာတွေရှိတယ်။ ဘုရားပွဲလာတဲ့သူတွေကိုလည်း စစ်ဆေးတယ်။ စစ်ဆေးရေးလည်း တော်တော်တင်းကြပ်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဘုရားပွဲ လာရောက်လည်ပတ်သူတွေအနေနဲ့ လုံခြုံရေးအရ စစ်ဆေးခြင်းကို ကြည်ဖြူစွာလက်ခံဖို့ ဖောင်တော်ဦး ဂေါပကအဖွဲ့က စာကပ်ပြီး ကြေညာထားပါတယ်။

 ကိုဗစ် ၁၉ နဲ့ စစ်အာဏာသိမ်းမှုကြောင့် ၃ နှစ်ကြာ မကျင်းပခဲ့တဲ့ ဖောင်တော်ဦးဘုရားပွဲတော်ကို အခုနှစ်မှာ  ပြန်လည် ကျင်းပနေတာဖြစ်ပြီး အခုနှစ်မှာ ပြည်ပ ခရီးသည်တွေ လာရောက်သူ နည်းပါးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၁၅ ရက်ကနေ နိုဝင်ဘာလ ၁ ရက်အထိ ရက်သတ္တပတ် ၂ ပတ်ကျော်ကြာ ကျင်းပမယ့် ဘုရားပွဲတော်အတွင်း ဖောင်တော်ဦးဘုရားတွေဟာ အင်းတိန် စံကျောင်း၊ ဟဲယာရွာမ၊ ငါးဖယ်ချောင်း၊ ကြေးစား၊ ပွဲစားကုန်း၊ လင်းကင်း၊ ညောင်ရွှေ၊ နန်းသဲ၊ မိုင်းသောက်၊ သလဲဦး၊ ကေလာ၊ ဇရပ်ကြီး၊ အလိုတော်ပေါက်၊ နန်းပန်တောင်ကျောင်း၊ မကျည်းဆိပ်၊ မိုင်းပျိုး၊ ကျိုင်းခန့်၊ နောင်တော၊ အင်းပေါ်ခုံ၊ ရေဆာစတဲ့ ၂၁ ဌာနကို ကြွချီမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့ကို သိမ်းဖို့လာတဲ့ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတပ် စစ်ကြောင်းတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ပိတ်မိနေ

မေ ၁၆၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တွန်းဇံမြို့ကို သိမ်းပိုက်နိုင်ဖို့ အရပ်မျက်နှာ သုံးဘက်ကနေ ဝိုင်းပတ်ပိတ်ဆို့ ညှပ်တိုက်ဖို့ ကြိုးပမ်းလာတဲ့ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတပ်ဖွဲ့တွေဟာ လမ်းခုလတ်တွေမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကျအဆုံးများပြားကာ ရှေ့ဆက်မတိုးနိုင်ဘဲ ...

ဆက်ဖတ်ရန်