ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်များ သမ္မတကိုယ်တိုင်ရွေးရန် ဒီချုပ်သဘောတူ၊ တိုင်းရင်းသားပါတီများပြင်ဆင်၊ ပယ်ဖျက်လို

ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်များ သမ္မတကိုယ်တိုင်ရွေးရန် ဒီချုပ်သဘောတူ၊ တိုင်းရင်းသားပါတီများပြင်ဆင်၊ ပယ်ဖျက်လို

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြည်နယ်နဲ့ တိုင်းတို့တွင် ဝန်ကြီးချုပ်များနိုင်ငံတော်သမ္မတကိုယ်တိုင်းရွေးချယ်တဲ့ ပုဒ်မ (၂၆၁)ကို တိုင်းရင်းသားပါတီများက ပြင်ဆယ်၊ ပယ်ဖျက်ရန်အကြံပြုထားသော်လည်း ဒီချုပ်ပါတီက သဘောတူထားကြောင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီရဲ့ အစီရင်ခံစာထဲတွင်တွေ့ရပါတယ်။

ပုဒ်မ ၂၆၁ (ဂ)တွင် နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ရရှိပြီးသည့် လွှတ်တော်ကိုယ်စားလှယ်အား သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်၊လ လို့ဖော်ပြထားပါတယ်။

ယင်းပုဒ်မကို ကြံခိုင်ရေးပါတီက ပြင်ဆင်ရန်လို့သာ မှတ်ချက်ပေးထားပြီး ဘယ်လိုပြင်ဆင်ရမလဲဆိုတာ မဖော်ပြထားပါ။

ရခိုင်အမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ နဲ့ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီက ပယ်ဖျက်ဖို့ အကြံပြုထားပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အကြံပြုချက်ထဲတွင် ပြည်နယ်အကြီးအကဲစနစ်ကျင့်သုံးသောပြည်နယ်ဖြစ်ပါက ပြည်နယ်သမ္မတအဖြစ် ခန့်အပ်တာဝန်ပေးရန်-
(၁) ပြည်နယ်အတွင်းတွင် ပြည်နယ်သမ္မတ ရွေးကောက်ပွဲကို ကျင်းပရမည်။
(၂) ပြည်နယ်သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သော ပြည်နယ်သမ္မတလောင်းများထဲမှ ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူများ၏ အများဆုံးဆန္ဒမဲရရှိသူအား ပြည်နယ်သမ္မတအဖြစ်တင်မြှောက်ရမည်။
(၃) ပြည်နယ်သမ္မတအား သက်ဆိုင်ရာပြည်နယ်လွှတ်တော်တါင် အတည်ပြုပေးရမည်။ လို့ဖော်ပြထားပါတယ်။

တအောင်း(ပလောင်)အမျိုးသားပါတီ၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွှတ်ရေးပါတီတို့ကတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များသည် ရွေးကောက်ခံကိုယ်စားလှယ်များထဲမှ ရွေးကောက်ခံကိုယ်စားလှယ်အများစု၏ ဆန္ဒမဲဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်လို့ အကြံပြုထားပါတယ်။

ဆက်လက်ပြီး ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲမှ မဲအများဆုံးရရှိသော ပုဂ္ဂိုလ်သာလျှင် ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးရမည်လို့အကြံပြုထားပါတယ်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဆန္ဒမဲဖြင့် ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်အား သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်လို့အကြံပြုထားပါတယ်။

ပုဒ်မ ၂၆၁ ထဲက ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်များ သမ္မတရဲ့တာဝန်ပေးအပ်ခြင်းနဲ့ပတ်သက်ပြီး အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ တစ်စုံတစ်ရာမှတ်ချက်ပြုမှုများမတွေ့ရပါ။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်