မြန်မာ-အိန္ဒိယနယ်စပ် တီအိုးချောင်းထဲမှာ လူသေအလောင်းတွေ့ရှိ

မြန်မာ-အိန္ဒိယနယ်စပ် တီအိုးချောင်းထဲမှာ လူသေအလောင်းတွေ့ရှိ

မြန်မာ-အိန္ဒိယနယ်စပ် ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့အနီး တီအိုးချောင်းမှာ ဒီမနက်ပိုင်းတွင် ရေထဲမျောပါလာတဲ့လူသေအလောင်းတွေ့ရှိကြကြောင်းသတင်းရရှိပါတယ်။

ယင်းအလောင်းဟာ ဖလမ်းမြို့နယ် ခီရန်ရောန်ရွာကနေ(Kiangrawn) အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ် ဇိုခေါ်သာရ်ရွာသို့ပြောင်းရွေ့နေထိုင်တဲ့ ကိုထာလှယ်ချွန်ငါ (၃၇ နှစ်)ဖြစ်ပါတယ်။

ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရန်မြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ချန်လျန်နာက “သူ့မိသားစုတွေပြောပုံအရ မနေ့ တနင်္ဂနွေနေ့ မနက်ပိုင်းရိခေါ်ဒါရ်မြို့ဘက်ခြမ်းမှာအရက်သွားသောက်တယ်။ မနက်စာစားပြီးနောက်မှာ တောထဲသွားမယ်လို့ပြောပြီး မိသားစုတွေကတားပေမယ့်မတားနိုင်ကြဘူး။ မနေ့ညနေပိုင်းထိ အိမ်ပြန်မလာတော့ ဖုန်းဆက်ပေမယ့်မရဘူးလို့ပြောကြတယ်။ ဒီမနက် တီအိုးချောင်းထဲမှာ ကားရေဆေးနေတဲ့သူတွေနားမှာအလောင်းမျောလာတာတွေ့ကြလို့ ချောင်းဘေးမှာသယ်လာကြတယ်။ ဘာကြောင့်သေဆုံးသွားတာလဲဆိုတာမသိရပေမယ့် အလောင်းကိုကြည့်ခြင်းအားဖြင့် နဖူးနဲ့မျက်ခုံး ဒဏ်ရာတွေ ၇နေရာမှာတွေ့ရတယ်။ ဦးခေါင်းခွံလည်းကြေတဲ့ပုံပေါ်နေတယ်။ အလောင်းကို ဇိုခေါ်သာရ်ရဲတွေကစစ်ဆေးပြီးတော့ ဇိုခေါ်သာရ်ဘက်ကိုသယ်သွားကြတယ်” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်၊ မှောင်တလန်ရွာမှာ မီးလောင်မှုဖြစ်ပွားပြီး အိမ် ၄ လုံးပြာကျ

၁၇၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဇိုဖေဒေသ ရှိ မှောင်တလန်ရွာမှာ ဒီကနေ့ မေလ ၁၇ ရက်နေ့ နေ့လည် ၁၁ နာရီဝန်းကျင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၃ လုံးနဲ့ ...

ဆက်ဖတ်ရန်