၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မြန်မာ အသင်းနဲ့ မြောက်ကိုးရီးယားအသင်းတို့ ယှဥ်ပြိုင်ကစားမယ်

၂၀ ၊ နိုဝင်ဘာ ၊၂၀၂၃

Zalen

၂၀၂၆ ကမ္ဘာ့ ခြေစစ်ပွဲ ဒုတိယကျော့အနေဖြင့် အိမ်ရှင်မြန်မာ အသင်းနဲ့ မြောက်ကိုးရီးယား အသင်းတို့ ရန်ကုန် သုဝဏ္ဏကွင်း တွင် နိုဝင်ဘာလ ၂၁ ရက်နေ့မြန်မာစံတော်ချိန် ညနေပိုင်း ၄ နာရီတွင်ယှဥ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

​အိမ်ရှင်မြန်မာနဲ့မြောက်ကိုးရီးယားပွဲစဥ် ထိုင်ခုံများကို အထူးတန်း ၁ ခုံကို မြန်မာငွေ ၅၀၀၀ သတ်မှတ်ထားပြီး ရိုးရိုးတန်း ၂၀၀၀ သတ်မှတ်ထားပါတယ်။

Zalen ad

မနက်ဖန် နိုဝင်ဘာလ ၂၁ ရက်နေ့ မနက် ၁၀နာရီမှ ညနေ ၂ နာရီအထိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံတွင် ဝယ်နိုင်မယ်လို့ဆိုထားပါတယ်။

အိမ်ရှင်မြန်မာ အသင်းဘက်ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ အာရှကျားကြီး ဂျပန်ကို ၅ – ၀ ဖြင့်ရှုံးနိမ့်ထားပြီး လက်ရှိ အုပ်စု တွင် အောက်ဆုံး အဆင့်၌ရပ်တည်နေတဲ့ အသင်း ၁ သင်းလည်း ဖြစ်ပါတယ်။

အုပ်စု အတူ ကျရောက်ခဲ့တဲ့ ဂျပန် ၊ မြောက်ကိုးရီးယား ၊ ဆီးရီးယား နဲ့ မြန်မာ တို့အတူယှဉ်ပြိုင်ကစားကြပြီး အဆင့် ၁ မှာ ဂျပန်က ဦးဆောင်ထားပြီး မြောက်ကိုးရီးယား ဘက်ကလည်း အဆင့် ၃ နေရာ မြန်မာ အထက်မှာ ၁ မှတ်နဲ့ရပ်တည်နေတဲ့အသင်းလည်းဖြစ်ပါတယ်။

အိမ်ရှင် မြန်မာအသင်း အနေဖြင့် အိမ်ကွင်း ကစားရမှာမို့ လက်ရွေးစင်ကစားသမားကောင်းတွေနဲ့ ကြံ့ကြံ့ခိုင် ကစားထားရမှာ အမှန်ဆိုထားရမှာဖြစ်ပါတယ်။ အိမ်ကွင်းမှာကစားရမယ့်ပွဲကို မြန်မာအသင်းအနေဖြင့် အမှတ် ၃ မှတ်အထိ ရယူနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။

မြောက်ကိုးရီးယား အသင်းဘက်ကလည်း အဝေးကွင်းကို မလျော့ပဲ ပုံမှန် နေရာ တက်စုံနဲ့ ကစားသွားဖို့ရှိနေပြီး နောက်တန်း ကစားသမားတွေဖြတ်လတ်မှုတွေမြန်မာအသင်းကိုအသာစီးဖို့တော့ သူတို့ဘက်ကလည်း ကစားသွားမှာဖြစ်ပါတယ်။

သတင်း-သမိုင်းသစ်

နောက်ဆုံးရသတင်းများ

Trump အစိုးရက ဒေါ်လာ ၃၆၈ သန်းတန် ပင်လယ်ရေအောက် စောင့်ကြည့်ရေးစနစ်ကြီးဖျက်သိမ်းမည်

ဇွန် ၂၊ ၂၀၂၆ Zalen အမေရိကန်သမ္မတ Donald Trump အစိုးရက ဒေါ်လာ ၃၆၈ သန်းကုန်ကျခံပြီး တည်ဆောက်ထားသည့် သမုဒ္ဒရာအောက် စောင့်ကြည့်ရေးစနစ်ကြီးကို ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်ခြင်းသည် ကမ္ဘာ့ရာသီဥတု သုတေသနလောကအတွင်း စိုးရိမ်မှုများ မြင့်တက်စေခဲ့ကြောင်း ...

ဆက်ဖတ်ရန်