စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦးသေဆုံး၊ အများအပြား ဒဏ်ရာရ

စက်တင်ဘာ၁၇၊၂၀၂၃

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီ ကျေးရွာတောင်ဘက်၊ မြစ်သာမြစ်အရှေ့ဘက်ကမ်း မြင်သားကုန်းကျေးရွာသို့ စက်တင်ဘာ ၁၆ရက်နေ့ ည၇နာရီတိတိတွင် မြောက်ခင်ရမ်းရွာ၌ အထိုင်ချထားသော စစ်ကောင်စီတပ်၏ လက်ဝေခံ ပျူစောထီးတပ်များက ၁၂၀မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့်အရပ်သားပြည်သူအများအပြား သေကြေထိခိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မြောက်ခင်ရမ်းရွာတွင်အထိုင်ချထားသော ပျူစောထီးများသည် မြင်သားကုန်းရွာသို့ ၁၂၀မမ လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်ခဲ့ သောကြောင့် မြင်သားကုန်းကျေးရွာနေ အရပ်သားပြည်သူ ၃ဦးသေဆုံးကာ၊ ၃ဦးပြင်းထန်ဒဏ်ရာအသီးသီးရရှိ၍ ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု နီးစပ်သူများကဆိုသည်။

“ည၇နာရီတိတိမှာ လက်နက်ကြီးတွေ တအုန်းအုန်းကျတာပဲဗျာ။ လောလောဆယ်တော့ အရပ်သားတွေချည်းသေတာ ၃ယောက် ရှိပါတယ်။ ကလေးတွေလည်းဒဏ်ရာရထားတာ မျိုးတွေရှိတယ်ဗျ။ အိမ်၃လုံးပေါ် တည့်တည့် ကျတာဗျ” ဟု မြင်သားကုန်းရွာသားတစ်ဦးက ပြောသည်။    

Zalen ad

လက်နက်ကြီးကျရောက်သည့်နေရာနှင့် အနီးတစ်ဝိုက်တွင် လတ်တလော တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီလက်ဝေခံ ပျူစောထီးများကလက်နက်ကြီးများအကြောင်းမဲ့ ပစ်ခတ်ခြင်း ဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောပါသည်။

နောက်ဆုံးရသတင်းများ

ဗာတီကန်မှာ ရဟန်းမင်းကြီးနဲ့ ကလေးသာသနာပြုနယ် ဆရာတော်ကြီးတို့ တွေ့ဆုံ

ဇွန် ၈၊ ၂၀၂၆Zalen ကမ္ဘာ့ကက်သလစ်အသင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) (Pope Leo XIV) နဲ့ မြန်မာနိုင်ငံ၊ ကလေးကက်သလစ်သာသနာပြုနယ် (Kalay Diocese) ရဲ့ ဆရာတော်ကြီး အပါအဝင် မြန်မာ ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ ...

ဆက်ဖတ်ရန်