မင်းတပ်မြို့မှာ အင်တာနက်ပြန်ဖွင့်ပေမယ့် သုံးမရဖြစ်နေ

ချစ်ခြင်းနွေ

၂၇၊ စက်တင်ဘာ၊ ၂၀၂၃

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ယမန်နေ့ စက်တင်ဘာ ၂၆ရက် နေ့လည်ပိုင်းကစပြီး အင်တာနက်လိုင်း ပြန်ဖွင့်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အင်တာနက်လိုင်းဟာ 4G ရပေမယ့် စာပို့တာနဲ့ ဖုန်းပြောတာ တစ်ခုမှ လုပ်မရဖြစ်ပြီး ‌လိုင်းဆွဲအား မကောင်းဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

Zalen ad

” မနေ့က ရုတ်တရပ် ပြန်ရလာတာ။ လိုင်းတော်တော်မကောင်းဘူး။ ပြီးတော့ လိုင်းပေါ်က  စာပို့တာလည်း အဆင်မပြေဘူး။ ဖုန်းပြောဖို့ ဝေးလို့ စာတောင်ကောင်းကောင်း ပို့မရဘူး” လို့ မင်းတပ်ဒေသခံတစ်ဦးက ပြောပါတယ်။

မင်းတပ်မြို့နယ်ဟာ ၂၀၂၁ခုနှစ်၊ စက်တင်ဘာက စပြီး အင်တာနက်ဖြတ်တောက်ခံခဲ့တာပါ။ ကြားထဲမှာ အင်တာနက်လိုင်းကို တခါတလေရက်အနည်းငယ်ဖွင့်ပေမယ့် လိုင်းကတော့ သုံးမရပဲ နှေးကွေးတယ်လို့သိရတယ်။

ဟားခါးမြို့ကလွဲရင်အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ချင်းပြည်နယ်က တီးတိန်၊တွန်းဇံ၊ဖလမ်း၊ ကန်ပက်လက်၊မတူပီ၊ ထန်တလန်၊ ပလက်၀မြို့နယ်တွေမှာ အင်တာနက်လိုင်း အခုချိန်ထိ မရရှိသေးပါဘူး။

နောက်ဆုံးရသတင်းများ

မြန်မာပြည်က သတ္တုတွင်းညစ်ညမ်းမှုကိစ္စ ကုလမေးခွန်းတွေကို အကြောင်းပြန်ဖို့ ထိုင်းအစိုးရကို လွှတ်တော်ကော်မတီ သတိပေး

ဇူလိုင် ၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံထဲက စည်းကမ်းမဲ့ သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုတွေ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေရဲ့ မေးမြန်းချက်တွေကို အကြောင်းပြန်ပေးဖို့ ထိုင်းအစိုးရကို ...

ဆက်ဖတ်ရန်