မြဝတီမြို့ ထွေအုပ်ရုံးအား ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်တဲ့ Federe Wings ကို သိန်း (၁၀၀) ချီးမြှင့်ဟု NUG ထုတ်ပြန်

အိုက်ခူမီး/ ၂၈၊ စက်တင်ဘာလ၊ ၂၀၂၃

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဒရုန်း လက်ရုံးတပ် (၁၈၀၁)၊ Federal Wings ကို မြန်မာကျပ်ငွေ သိန်း (၁၀၀) ချီးမြှင့်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ (၃) ရက်နေ့၊ ညပိုင်းတွင် မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် လုံခြုံရေးအစည်းအဝေးပြုလုပ်နေစဥ် ဒရုန်းလက်ရုံးတပ် (၁၈၀၁)၊ Federal Wings က  ဒရုန်းဖြင့် (၂)ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုရဲမှူး နေလင်းစိုး အပါအဝင် (၅) ဦး ဗုံးထိမှန် သေဆုံးကာ၊ (၅) ဦး ပြင်းထန်ဒဏ်ရာ​ပြီး၊ ပြည်သူ (၆) ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

၎င်းစစ်ဆင်ရေးကို အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက်  အမျိုးသားညီညွတ်ရေးရေးအစိုးရအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒရုန်းလက်ရုံးတပ် (၁၈၀၁) _ Federal Wings ကို ဆုငွေအဖြစ် မြန်မာကျပ်ငွေ သိန်း (၁၀၀) ချီးမြှင်ခဲ့တယ်လို့ သိရပါတယ်။

Zalen ad

ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး နိုင်ကောင်းရွတ်၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး (၂) ရဲဘော်စောရှားနှင့် ဒရုန်းလက်ရုံးတပ် (၁၈၀၁) _ Federal Wings တာဝန်ရှိသူတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့ကို သိမ်းဖို့လာတဲ့ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတပ် စစ်ကြောင်းတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ပိတ်မိနေ

မေ ၁၆၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တွန်းဇံမြို့ကို သိမ်းပိုက်နိုင်ဖို့ အရပ်မျက်နှာ သုံးဘက်ကနေ ဝိုင်းပတ်ပိတ်ဆို့ ညှပ်တိုက်ဖို့ ကြိုးပမ်းလာတဲ့ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတပ်ဖွဲ့တွေဟာ လမ်းခုလတ်တွေမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကျအဆုံးများပြားကာ ရှေ့ဆက်မတိုးနိုင်ဘဲ ...

ဆက်ဖတ်ရန်