တီးတိန်မြို့မှာ စစ်ကောင်စီ ရဲတပ်သားလေးဦးကို PDF Zoland ဖမ်းဆီး

ချစ်ခြင်းနွေ/၃၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ စစ်ကောင်စီ ရဲတပ်သားလေးဦးကို PDF Zoland အဖွဲ့က အောက်တိုဘာ ၂ရက်နေ့မျာ ဖမ်းဆီးခဲ့တယ်လို့  သိရပါတယ်။

အဲဒီရဲတပ်သားတွေဟာ အိန္ဒိယ-မြန်မာနယ်စပ် တီးတိန်-ရိဒ် ကားလမ်းကို ဖြတ်သန်းသွားလာတဲ့ ကုန်ကားတွေကို ငွေကြေး တောင်းခံတာကြောင့် ဖမ်းဆီးခဲ့တယ်လို့ PDF Zoland က ပြောပါတယ်။

Zalen ad

ကားမောင်းသူတွေကို ငွေကြေး အဆမတန် တောင်းခံတာကို ရပ်တန့်ဖို့ PDFZoland က နှစ်ပတ်ကြိုတင်သတိပေးခဲ့ပေမယ့် လိုက်နာခြင်းမရှိတာကြောင့် အခုလို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဒုတပ်ကြပ် ကျော်သူရစိုး၊ ခုပ်ခန်တုန်း ၊ စည်သူမိုး၊ ချမ်းငြိမ်ကျော် တို့ဖြစ်ပါတယ်။

သူတို့ကို တီးတိန်မြို့တွင်းမှာ အရပ်ဝတ်နဲ့ သွားလာနေချိန်မှာ PDF Zoland ကဖမ်းဆီးထားခဲ့တာဖြစ်ပြီး အရေးယူမှုတွေ ဆက်လုပ်သွားမယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာပြည်က သတ္တုတွင်းညစ်ညမ်းမှုကိစ္စ ကုလမေးခွန်းတွေကို အကြောင်းပြန်ဖို့ ထိုင်းအစိုးရကို လွှတ်တော်ကော်မတီ သတိပေး

ဇူလိုင် ၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံထဲက စည်းကမ်းမဲ့ သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုတွေ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေရဲ့ မေးမြန်းချက်တွေကို အကြောင်းပြန်ပေးဖို့ ထိုင်းအစိုးရကို ...

ဆက်ဖတ်ရန်