ဆေးကုသမှုမရလို့ မတူပီ ဒေသခံတစ်ဦး အသည်းကင်ဆာ ရောဂါနဲ့သေဆုံး

သမိုင်းသစ်/ ၃ ၊ အောက်တိုဘာ ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်၊ မတူပီမြို့နယ် ၊ကလားကျေးရွာမှာ  ငွေကြေးအကြပ်အတည်းနဲ့ လမ်းပမ်းဆက်သွယ်ရေး အခက်အခဲကြောင့် ဆေးကုသလို့မရဘဲ အသည်းကင်ဆာရောဂါနဲ့အမျိုးသားတစ်ဦးဟာ အောက်တိုဘာ ၂ရက်နေ့က သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးသူဟာ အသက် ၅၇ နှစ်အရွယ် ဦးပါလွီးဖြစ်ပြီး သူဟာ အာဏာမသိမ်းမီက ဆေးကုသမှုခံယူနိုင်ပေမယ့် တောင်ယာစိုက်ပျိုးလုပ်ကိုင်တဲ့ ဦးပါလွီးမိသားစုဟာ အခက်အခဲတွေကြောင့် ဆေးမကုသနိုင်တော့ပဲ သေဆုံးသွားရတာလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

Zalen ad

“သူတို့က ရန်ကုန်မှာ ဆေးသွားကုချင်ပေမယ့် လမ်းအခြေနေကလည်း မကောင်းဘူး။ ငွေကြေးလည်း မတတ်နိုင်ဘူး။ ကင်ဆာဆိုတော့ တော်တော်ခံရမှာ။ အခုတောင် အဝင်အထွက်ဂိတ်တွေကို တင်းကြပ်ထားတယ်” လို့ မိသားစုနဲ့ နီးစပ်သူ မတူပီဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လက စစ်ကောင်စီတပ်ဟာ မတူပီမြို့နယ်၊ ကလားကျေးရွာမှာ နေအိမ်တွေကို မီးရှို့တဲ့အထဲမှာ ဦးပါလွီးရဲ့ နေအိမ်လည်းပါဝင်ပါတယ်။

လက်ရှိ ၎င်းတို့မိသားစုဟာ မိုးကာတဲ့ထိုးကာ ဖြစ်သလို နေကြရပြီး ရောဂါဝေဒနာကို ခက်ခက်ခဲခဲ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

မီဇိုရမ်ပြည်နယ်ဘက်မှာ ဆေးကုသဖို့ ကြိုးစားခဲ့ပေမယ့် ဦးပါလွီး နေမကောင်းချိန်မှာ မိုးများတာကြောင့် သွားလာလို့ အဆင်မပြေဖြစ်ခဲ့ပြီး နောက်ဆုံးမှာ သေဆုံးသွားခဲ့တယ်လို့ ပြောပါတယ်။

သေဆုံးသူ ဦးပါလွီးမှာ ဇနီးဖြစ်သူနဲ့အတူ သားသမီ သုံးဦး ကျန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လမှာ မတူပီမြို့နယ်၊ ကလားရွာကို စစ်ကောင်စီတပ်က နေအိမ် (၃၄) အိမ် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာပြည်က သတ္တုတွင်းညစ်ညမ်းမှုကိစ္စ ကုလမေးခွန်းတွေကို အကြောင်းပြန်ဖို့ ထိုင်းအစိုးရကို လွှတ်တော်ကော်မတီ သတိပေး

ဇူလိုင် ၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံထဲက စည်းကမ်းမဲ့ သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုတွေ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေရဲ့ မေးမြန်းချက်တွေကို အကြောင်းပြန်ပေးဖို့ ထိုင်းအစိုးရကို ...

ဆက်ဖတ်ရန်