စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ကလေး ၅၀၀ နီးပါးသေဆုံးပြီ

ချစ်ခြင်းနွေ/ ၅၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ငါးရာနီးပါး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အောက်တိုဘာ ၄ရက် နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်လင်းပွဲမှာ ပြောဆိုပါတယ်။

အာဏာသိမ်းပြီး နှစ်နှစ်ခွဲကျော်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြုစုထားတဲ့စာရင်းတွေအရ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၄၉၁ ဦးသေဆုံးခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက အောက်တိုဘာ ၄ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ 

Zalen ad

စစ်ကောင်စီတပ်ကြောင့် ပျက်စီးသွားတဲ့ စာသင်ကျောင်း ၁၁၉ ကျောင်း၊ ဆေးခန်း ၃၉၁ ခု ရှိပြီး အခု ၂၀၂၃ခုနှစ်အတွင်း အရပ်သားပစ်မှတ်ထား တိုက်ခိုက်လာတယ်လို့ ဆိုပါတယ်။

လက်နက်ကြီးနဲ့ တိုက်ခိုက်တာ လေကြောင်းတိုက်ခိုက်တာ ပိုများလာတာ တွေ့ရပြီး NGU အနေနဲ့ ကလေးတွေ ထိခိုက်မှုမရှိစေဖို့အတွက် တစ်နိုင်ငံလုံးက ကျောင်းပေါင်း ၅၀၀ ခန့်မှာ ဗုံးခိုကျင်းတွေ တူးထားတယ်လို့ သိရပါတယ်။

“ကလေးသူငယ်ဆိုတာက သာမန်အချိန်မှာတောင်မှ ပြုစုပျိုးထောင်ပေးရမှာ။ ဒီလိုစစ်ပွဲကာလမှာ မထိခိုက်ဖို့အတွက် အထူးကာကွယ်ပေးရမဲ့ အမျိုးအစားဖြစ်ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေဟာ သာမာန်အရပ်သားပြည်သူတွေကိုသာမကဘဲ ကလေးတွေအပေါ် သက်ရောက်မှုက တိုင်းပြည်အတွက် တကယ့် ဆိုးရွားတဲ့ အရာဖြစ်ပါတယ်”လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ 

စက်တင်ဘာ ၂၇ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဝန်သိုမြို့နယ်မှာ ဟောင်ဝစ်ဇာ လက်နက်ကြီးကျည်တွေ  ဘုန်းကြီးကျောင်းအတွင်းကျရောက်ပေါက်ကွဲသဖြင့် စာသင်နေတဲ့ ကလေး ၂၀ ဦး ထိခိုက်ဒဏ်ရာရခဲ့လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၃ခုနှစ်၊ ဧပြီလမှာ ကန့်ဘလူမြို့နယ်က ပဇီကြီးကျေးရွာပြည်သူ့အုပ်ချုပ်ရေးရုံးခန်း ဖွင့်ပွဲအခမ်းအနားကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့တာကြောင့် ကလေးငယ် ၃၂ ဦး အပါအဝင် ဒေသခံ ရာနဲ့ချီသေဆုံးခဲ့ရပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာပြည်က သတ္တုတွင်းညစ်ညမ်းမှုကိစ္စ ကုလမေးခွန်းတွေကို အကြောင်းပြန်ဖို့ ထိုင်းအစိုးရကို လွှတ်တော်ကော်မတီ သတိပေး

ဇူလိုင် ၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံထဲက စည်းကမ်းမဲ့ သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုတွေ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေရဲ့ မေးမြန်းချက်တွေကို အကြောင်းပြန်ပေးဖို့ ထိုင်းအစိုးရကို ...

ဆက်ဖတ်ရန်