KIA တပ်မဟာ(၉)နယ်မြေ၊ အနန့်ပါဒေသကို စစ်တပ်ကလေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်

HAK/၁၇၊အောက်တိုဘာ၊၂၀၂၃

Zalen

ကချင်ပြည်နယ်၊ ဖားကန့်မြို့ KIAတပ်မဟာ(၉)ထိန်းချုပ်နယ်မြေ ကံဆီးဒေသ(အနန့်ပါဒေသ) ဘက်ကို ယမန်နေ့ အောက်တိုဘာလ ၁၆ရက်နေ့ ညနေ ၄နာရီဝန်းကျင်ခန့်မှာ စစ်တပ်က ဂျက်ဖိုက်တာ ၂စီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

“ညနေ၄နာရီလောက်လေယာဉ်နဲ့လာပြီးပစ်ခတ်မှုရှိတယ် သေဆုံးထိခိုက်မှုလည်းရှိတယ်လို့ကြားတယ်။ အသေးစိတ်ကတော့ မသိရသေးဘူး။ ကျွန်တို့လည်း စစ်ရေးတင်းမှာမှုရှိနေလို့အဲဒီဘက်ကို သိပ်မသွားရဲကြဘူး”လို့ ဒေသခံတစ်ဦးထံကသိရပါတယ်။

Zalen ad

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ရက်နေ့ကလည်း ဖားကန့်လမ်းမပေါ်မှာရှိတဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ KIA၊ PDFတို့နဲ့ထိတွေ့ပစ်ခတ်မှုများရှိခဲ့ကြောင်းလည်း ဒေသခံများပြောကြားချက်အရ သိရပါတယ်။

ယမန်နှစ် ၂၀၂၂ခုနှစ် အောက်တိုဘာ ၂၃ရက်နေ့တုန်းကလည်း KIAတပ်မဟာ(၉)နယ်မြေရှိ အနန့်ပါဒေသကိုစစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၃၀ကျော်သေဆုံးခဲ့ဖူးတာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

မီဇိုးယာဉ်မောင်းတဦးသေဆုံးခဲ့တာကြောင့် ပိတ်ထားတဲ့ အိန္ဒိယ-မြန်မာနယ်စပ်လမ်းပြန်ဖွင့်ပြီ

ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၆ Zalen အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်ဘက်ခြမ်းကနေ ပိတ်ထားတဲ့ နယ်စပ်လမ်းများကို လောင်တလိုင် ခရိုင် အုပ်ချုပ်ရေးမှူးက ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်ကနေစပြီး ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ လောင်တလိုင်ခရိုင် နဲ့  မြန်မာ ( ...

ဆက်ဖတ်ရန်