တောထဲလိပ်ပြာဥရှာတဲ့အမျိုးသမီး စစ်ကောင်စီမိုင်းနင်းမိလို့ သေဆုံး

EC၊ ၁၈၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဇောင်လဲ (Zawnglei khua) ကျေးရွာနေ ဒေါ်ဗျက်နှမ်- Nu Biak Hnem (၄၅နှစ်)ဟာ ထင်းရူးစခန်းမှာတပ်စွဲ စစ်ကောင်စီစခန်းအနီးမှာ လိပ်ပြာဥရှာနေတုန်း မိုင်းနေမိလို့ သွေးထွက်လွန်ကာသေဆုံးတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ကလေး ၆ ယောက်မိခင် ဒေါ်ဗျက်နှမ်နဲ့ ရွာထဲကအမျိုးသမီး ၄ ယောက်တို့ဟာ ယနေ့ အောက်တိုဘာ ၁၈ ရက်မနက်ပိုင်းတွင် တောထဲ လိပ်ပြာဥရှာနေကြစဉ် စစ်ကောင်စီစခန်းအနီးမှာ မိုင်းနင်းမိလို့ ညာဘက်ခြေထောက်ပြတ်ပြီး သွေးထွက်လွန်ကာ သေဆုံးတယ်လို့သတင်းရရှိပါတယ်။

Zalen ad

CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျူံးငိုင်းက “ထင်းရူးစခန်း စစ်ကောင်စီတွေက စခန်းကို သံဆူးကြိုးနဲ့သုံးထပ် ခြံစည်းရိုးခတ်ထားတယ်။ အဲ့ဒီ ခြံစည်းရိုးအပြင်ဘက်ထိ မိုင်းတွေထောင်ထားလို့ဖြစ်တာ” လို့ပြောပါတယ်။

အရင်လတုန်းကလည်း ဗားရ်ကျေးရွာ မဏီပူရ်မြစ်ထဲမှာ တစ်ယောက်ထဲငါးရှာနေတဲ့ အမျိုးသားတစ်ဦးက မိုင်းနေမိလို့ ခြေထောက်ပြတ်ကာ သွေးထွက်လွန်ပြီး သေဆုံးခဲ့ဖူးပါတယ်။

နောက်ဆုံးရသတင်းများ

တွန်းဇံမြို့ကို သိမ်းဖို့လာတဲ့ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတပ် စစ်ကြောင်းတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ပိတ်မိနေ

မေ ၁၆၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တွန်းဇံမြို့ကို သိမ်းပိုက်နိုင်ဖို့ အရပ်မျက်နှာ သုံးဘက်ကနေ ဝိုင်းပတ်ပိတ်ဆို့ ညှပ်တိုက်ဖို့ ကြိုးပမ်းလာတဲ့ စစ်ကောင်စီနဲ့ ZRA ပူးပေါင်းတပ်ဖွဲ့တွေဟာ လမ်းခုလတ်တွေမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကျအဆုံးများပြားကာ ရှေ့ဆက်မတိုးနိုင်ဘဲ ...

ဆက်ဖတ်ရန်