စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

ချစ်ခြင်းနွေ၊ ၂၃၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က စစ်ကောင်စီလေတပ်စခန်းကို ယမန်နေ့ အောက်တိုဘာ ၂၂ ရက် ည ၉နာရီအချိန်မှာ ရှော့တိုက်ဒုံး ၁၀၇ မမ  နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်အခြေစိုက် မြို့ပြပျောက်ကျားအဖွဲ့ URBAN SPECIAL OPERATION (U.S.O) က အောက်တိုဘာ ၂၃ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

လေတပ်စခန်းကို သုံးကြိမ်ရှော့တိုက်ဒုံး ပစ်ခတ်ခဲ့တာဖြစ်ပြီး နေအိမ်ပါတုန်ခါသွားတယ်လို့ မှော်ဘီလေတပ်စခန်း အနီးနေထိုင်သူ ဒေသခံတွေက ပြောကြပါတယ်။

Zalen ad

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေက လေတပ်အနီးတဝိုက်နဲ့ မှော်ဘီတိုးဂိတ်တွေမှာ လုံခြုံရေး တိုးမြှင့်ကာ ယာဉ်အသွားအလာတွေနဲ့ လမ်းသွားလမ်းလာတွေကို ပိတ်ဆို့စစ်ဆေးရှာဖွေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီက တိုင်းရင်းသားဒေသတွေနဲ့ ပြည်သူတွေကို လေကြောင်းသုံး သတ်ဖြတ်နေတာကြောင့် ဒီပစ်ခတ်မှုကို လုပ်ဆောင်ခဲ့တာလို့ ရန်ကုန်အခြေစိုက် URBAN SPECIAL OPERATION (U.S.O) က ထုတ်ပြန်ထားပါတယ်။

မှော်ဘီလေတပ်စခန်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးသလို ထိခိုက်ပျက်စီးမှုအခြေအနေကိုလည်း အတိအကျမသိရှိရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကလည်း မှော်ဘီလေတပ်စခန်း ဂျက်လေယာဉ်တွေထားတဲ့နေရာကို ရန်ကုန်အခြေစိုက် ပြည်သူ့အင်အားစု People’s Force က ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာပြည်က သတ္တုတွင်းညစ်ညမ်းမှုကိစ္စ ကုလမေးခွန်းတွေကို အကြောင်းပြန်ဖို့ ထိုင်းအစိုးရကို လွှတ်တော်ကော်မတီ သတိပေး

ဇူလိုင် ၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံထဲက စည်းကမ်းမဲ့ သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုတွေ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေရဲ့ မေးမြန်းချက်တွေကို အကြောင်းပြန်ပေးဖို့ ထိုင်းအစိုးရကို ...

ဆက်ဖတ်ရန်