ပခုက္ကူမြို့မှာ စစ်ကောင်စီယာဉ်တန်းအကြိုကား ၃စီး မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၉ ဦးသေဆုံး

ချစ်ခြင်းနွေ၊ ၂၃၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

မကွေးတိုင်း၊ ပခုက္ကူမြို့ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီ ယာဉ်တန်းအကြို ကား သုံးစီးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကန်တော်ကျေးရွာအနီးမှာ အောက်တိုဘာ ၂၂ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူပြည်သူ့ကာကွယ်အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်မှုကို ပခုက္ကူပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ခွဲ(၁) အပါအဝင် ပခုက္ကူခရိုင်တပ်ရင်း(၁၃)၊ Pakokku Special Task Force ပကဖ တပ်ခွဲ (၃) နဲ့  Kamma Under Ground People Defense Force တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Zalen ad

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီယာဉ်တန်းရဲ့ အကြိုကား သုံးစီးကို မိုင်း ငါးလုံး တစ်တွဲ၊ သုံးလုံးတစ်တွဲ နှစ်ခါ ခွဲပြီး ပဒေသာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပခုက္ကူပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ရှစ် ဦးနေရာမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်သား တစ်ဦးဟာ ပြင်းဒဏ်ရာရရှိခဲ့ကာ ဆေးရုံမှာ သေဆုံးခဲ့တာကြောင့် စုစုပေါင်း စစ်ကောင်စီတပ်သား ၉ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းများ

မီဇိုးယာဉ်မောင်းတဦးသေဆုံးခဲ့တာကြောင့် ပိတ်ထားတဲ့ အိန္ဒိယ-မြန်မာနယ်စပ်လမ်းပြန်ဖွင့်ပြီ

ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၆ Zalen အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်ဘက်ခြမ်းကနေ ပိတ်ထားတဲ့ နယ်စပ်လမ်းများကို လောင်တလိုင် ခရိုင် အုပ်ချုပ်ရေးမှူးက ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်ကနေစပြီး ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ လောင်တလိုင်ခရိုင် နဲ့  မြန်မာ ( ...

ဆက်ဖတ်ရန်