အခွန်ကင်းရှင်းကြောင်း ပြေစာပြနိုင်မှ ပတ်စ်ပို့သက်တမ်းတိုးခွင့်ရမည်

ချစ်ခြင်းနွေ၊ ၂၃၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်သူတွေနဲ့  သင်္ဘောသားတွေအနေနဲ့ နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းတိုးလိုပါက အခွန်ဦးစီးဌာနက ထုတ်ပေးတဲ့ အခွန်ကင်းရှင်းကြောင်း  ထောက်ခံစာပါမှ သက်တမ်းတိုးပေးမှာဖြစ်တယ်လို့ နိုင်ငံကူးလက်မှတ်ရုံးတွေမှာ ကြေညာပါတယ်။

ရန်ကုန်တိုင်းမှာနေထိုင်တဲ့ ပြည်ပမှာ အလုပ်သွားရောက် လုပ်ကိုင်ကြမယ့်သူတွေအနေနဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စ် သက်တမ်းတိုးမယ်ဆိုရင် တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ရန်ကင်း၊ အင်းစိန်နဲ့ ဒေါပုံ စတဲ့ မြို့နယ် ၅ မြို့နယ်ရှိ အခွန်ဦးစီးဌာနရုံးတွေမှာ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာပါရှိရမှာဖြစ်ပါတယ်။

Zalen ad

မန္တလေးတိုင်းမှာ နေထိုင်သူတွေအနေနဲ့ ပတ်စ်ပို့သက်တမ်းတိုးမယ်ဆိုရင် ချမ်းမြသာစည်မြို့နယ်နဲ့ မဟာအောင်မြေမြို့နယ်ရှိ အခွန်ဦးစီးဌာနရုံးမှာ ထောက်ခံစာယူရမှာဖြစ်ပြီး နေပြည်တော် အပါအဝင် တခြား ပြည်နယ်နဲ့ တိုင်းတွေမှာတော့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရှိရာ  မြို့နယ်အခွန်ဦးစီးဌာန ရုံးတွေမှာပဲ ထောက်ခံစာယူရမှာ ဖြစ်ပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြည်ပမှာ ရရှိနေတဲ့ စုစုပေါင်းဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်း ဝင်ငွေခွန် စည်းကြပ်ရမယ်လို့ စစ်ကောင်စီက အသစ်ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ အခွန်အကောက် ဥပဒေကို စက်တင်ဘာ ၂၃ ရက်မှာ ကြေညာခဲ့ပါတယ်။

ပြည်ပနေနိုင်ငံသားတွေ အနေနဲ့ လစာအပေါ် ဝင်ငွေခွန် ပေးဆောင်ရာမှာ လစဉ်၊ သုံးလတစ်ကြိမ် ဒါမှမဟုတ် နှစ်အလိုက် ဝင်ငွေခွန်ပေးဆောင်နိုင်တယ်လို့ ခွင့်ပြုထားပြီး သက်ဆိုင်ရာ နိုင်ငံတွေမှာရှိတဲ့ စစ်ကောင်စီသံရုံးတွေမှာ အခွန်ဆောင်နိုင်သလို နိုင်ငံကို ပြန်ရောက်မှလည်း အခွန်ဆောင်နိုင်တယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၉ ရက်က ကြေညာခဲ့ပါတယ်။

ဒါ့အပြင် ပြည်ပရောက် မြန်မာအလုပ်သမားတွေအနေနဲ့  လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီ သတ်မှတ်ထားတဲ့ ဒေါ်လာလှဲလယ်နှုန်းအတိုင်း ဘဏ်တွေက တစ်ဆင့် ပြည်တွင်းက မိသားစုဝင်တွေဆီ မဖြစ်မနေပြန်လွှဲဖို့ စစ်ကောင်စီက ညွန်ကြားထားပါသေးတယ်။

နောက်ဆုံးရသတင်းများ

မီဇိုးယာဉ်မောင်းတဦးသေဆုံးခဲ့တာကြောင့် ပိတ်ထားတဲ့ အိန္ဒိယ-မြန်မာနယ်စပ်လမ်းပြန်ဖွင့်ပြီ

ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၆ Zalen အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်ဘက်ခြမ်းကနေ ပိတ်ထားတဲ့ နယ်စပ်လမ်းများကို လောင်တလိုင် ခရိုင် အုပ်ချုပ်ရေးမှူးက ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်ကနေစပြီး ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ လောင်တလိုင်ခရိုင် နဲ့  မြန်မာ ( ...

ဆက်ဖတ်ရန်