မုံရွာမှာ စစ်ကောင်စီခြုံခိုတိုက်ခံရ၊လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိ၊စစ်ကောင်စီက ပြည်သူသုံးဦးအကြောင်းမဲ့ပစ်သတ်

HAK/၂၄၊အောက်တိုဘာ၊၂၀၂၃

Zalen

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ရွာအနီးမှာ စစ်ကောင်စီတပ်သားများနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့​တွေ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်က တစ်ယောက်သေဆုံးကာ သေနတ်နဲ့ ခဲယမ်းတစ်ချို့သိမ်းဆည်းရမိတယ်လို့ မုံရွာခရိုင် PDF တပ်ရင်း ၂၇ရဲ့တပ်ခွဲ ၂(သလ္လာဝတီကာကွယ်ရေးတပ်)က သတင်းထုတ်ပြန်ထားပါတယ်။

ယမန်နေ့ အောက်တိုဘာလ ၂၃ရက်နေ့ မနက် ၇နာရီဝန်းကျင်မှာ မုံရွာမြို့နယ် အခြေစိုက် အမတ(၅၀၈) အမြောက်တပ်ကနေ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်ကို သလ္လာဝတီကာကွယ်ရေးတပ်၊ တိုက်တန်းကာကွယ်ရေးတပ်၊မိုးဟိန်းကာကွယ်ရေးတပ်တို့က ပူးပေါင်းပြီး ခြုံခိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Zalen ad

“မနက် ၇နာရီလောက်မှာ အမြောက်တပ်ကနေ သာစည်ရွာဘက်ကို ထွက်လာတဲ့ စစ်ကြောင်းကို ပူးပေါင်းတပ်ဖွဲ့ ၃ဖွဲ့ကနေပြီး ခြုံခိုတိုက်ခိုက်ခဲ့တယ်။ စစ်တပ်ဘက်က ထိခိုက်တော့ တိကျမသိပေမယ့် တိုက်ပွဲပြီးတော့ စစ်သား အလောင်းတစ်လောင်းကောက်ရတယ်။ MA1 သေနတ် ၁လက်၊ကျည်ဘောက် အပို၂ခု၊ကျည်ဆံ ၂၀၀ကျော်၊EYဗုံးသီး၊၆၀မမ တလုံး အဲဒါတွေရခဲ့တယ်။ ပူးပေါင်းတပ်ဖွဲ့ဝင်တွေကတော့ အထိခိုက်မရှိပဲပြန်ဆုတ်နိုင်ခဲ့တယ်။ စစ်ကောင်စီတပ်သားတွေလောင်းကိုလည်း သေချာမြေမြုပ်ပေးခဲ့တယ်”လို့ သလ္လာဝတီတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးတဲ့နောက် မနက် ၉နာရီဝန်းမှာပဲသာစည်လမ်းမပေါ်မှာရှိတဲ့ မုံရွာပညာရေးကောလိပ်(TTC)ကျောင်းမှာ တပ်စွဲဂိတ်ထိုင်တဲ့ စစ်ကောင်စီတွေက လမ်းသွားလမ်းလာ ပြည်သူတွေကို အကြောင်းမဲ့ရမ်းသမ်းပစ်ခတ်ခဲ့လို့ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦး​သေဆုံးခဲ့တယ်လို့လည်းသိရပါတယ်။

ဒေသံခံတွေရဲ့ပြောကြားချက်အရ TTCကျောင်းမှာ တပ်စွဲဂိတ်ဖွင့်တဲ့ စစ်ကောင်စီက လမ်းသွားလာ ကား၊ဆိုင်ကယ်တွေကို မတရားငွေညစ်ကောက်ခံတာတွေ အမြဲလုပ်နေတယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာပြည်က သတ္တုတွင်းညစ်ညမ်းမှုကိစ္စ ကုလမေးခွန်းတွေကို အကြောင်းပြန်ဖို့ ထိုင်းအစိုးရကို လွှတ်တော်ကော်မတီ သတိပေး

ဇူလိုင် ၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံထဲက စည်းကမ်းမဲ့ သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုတွေ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေရဲ့ မေးမြန်းချက်တွေကို အကြောင်းပြန်ပေးဖို့ ထိုင်းအစိုးရကို ...

ဆက်ဖတ်ရန်