ပလက်ဝ- ကျောက်တော် ရေယာဉ်စီးခ ၁၈၀၀လို့သတ်မှတ်ပေမယ့် ၃၀၀၀ ဆက်လက်ကောက်ခံနေ

အိုက်ခူမီး/၂၄၊ အောက်တိုဘာလ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကြား ပြေးဆွဲပေးလျက်ရှိတဲ့ စစ်ကောင်စီကပြေးဆွဲတဲ့ သင်္ဘောစီးခ ၁၈၀၀ သို့ပြောင်းလဲသတ်မှတ်ကြောင်း ကြေညာပေမယ့် အရင်အတိုင်း တစ်ယောက်ကို ၃၀၀၀ ကျပ်နှုန်း ကောက်ခံနေတယ်လို့ သတင်းရရှိပါတယ်။

စစ်ကောင်စီက အရင်က ပလက်ဝ-ကျောက်တော် သင်္ဘောခရီးစဉ်ကို တစ်ပတ် ၂ ကြိမ်ပြေးဆွဲပေးရာမှ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့မှစပြီး တစ်ရက်ခြားပုံမှန်ပြေးဆွဲတယ်လို့ သိရပါတယ်။

Zalen ad

စစ်ကောင်စီက ရေယာဥ်စီးခကို တစ်ဦးလျှင် ၁၈၀၀ ကျပ်နှုန်းဖြင့် ကြေညာထားသော်လည်း ယနေ့ထိ ယခင်အတိုင်းလူတစ်ဦးလျှင် ယာဥ်စီးခ ၃၀၀၀ ကျပ်ပေးနေရဆဲလို့ သိရပါတယ်။

” သင်္ဘောခရီးစဉ်ကို တစ်ရက်ခြားပုံမှန်ပြေးဆွဲပေးတဲ့အတွက် ကျန်းမာရေး၊ လူမူရေး၊ ကုန်သယ်ယူပို့ဆောင်ရေးအတွက် အဆင်ပြေပေမယ့် ပလက်ဝ ကုန်စျေးနှုန်းနဲ့ ယာဥ်စီးနင်းခက နဂိုအတိုင်းဘဲ ပြောင်းလဲမူမရှိဘူး”လို့ ပလက်ဝဒေသခံတစ်ဦးကပြောပါတယ်။

၂၀၁၈ ခုနှစ်အထိ ကျောက်တော်-ပလက်ဝဟာ ရေလမ်းသာမက ကုန်းလမ်းပါအသုံးပြုလို့ရပေမယ့် ၂၀၁၉ ခုနှစ်တွင် ကျောက်တော်-ပလက်ဝကားလမ်းမှာ အေအေနဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲဖြစ်ပွားလို့ ယခုထိ ကားလမ်းပိတ်ထားပါတယ်။ မတူပီဘက် ကားလမ်းလည်း တိုက်ပွဲကြောင့်ပိတ်ထားလို့ ပလက်ဝမြို့နယ်တစ်ခုလုံး ကုန်စည်စီးဆင်းဖို့ ကျောက်တော် ရေလမ်းသာ မှီခိုအားထားနေကြပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာပြည်က သတ္တုတွင်းညစ်ညမ်းမှုကိစ္စ ကုလမေးခွန်းတွေကို အကြောင်းပြန်ဖို့ ထိုင်းအစိုးရကို လွှတ်တော်ကော်မတီ သတိပေး

ဇူလိုင် ၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံထဲက စည်းကမ်းမဲ့ သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုတွေ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေရဲ့ မေးမြန်းချက်တွေကို အကြောင်းပြန်ပေးဖို့ ထိုင်းအစိုးရကို ...

ဆက်ဖတ်ရန်