CDF – ထန်တလန်ရဲ့ ပထမအကြိမ် ညီလာခံကျင်းပပြီး ကာကွယ်ရေးဖွဲ့စည်းပုံ ပြောင်းလဲ

Grace/၂၅၊ အောက်တိုဘာ ၊ ၂၀၂၃။

Zalen

CDF – Thantlang ရဲ့ပထမအကြိမ်မြောက် ညီလာခံကို ၂၀၂၃ အောက်တိုဘာ ၁၈ မှ ၂၀ ရက်နေ့အထိ နယ်စပ်တနေရာတွင်ကျင်းပ ပြီး ညီလာခံကို သက်ဆိုင်ရာကိုယ်စားလှယ် စုစုပေါင်း ၁၉၀ ဦးကျော်တက်ရောက်နိုင်တယ်လို့ CDF – Thantlang မှ မနေ့ အောက်တိုဘာ ၂၄ တွင်ထုတ်ပြန်ထားပါတယ်။

ညီလာခံတွင် ၂နှစ်ခွဲခန့်အချိန်အတွင်း အဖွဲ့အစည်းလုပ်ဆောင်ခဲ့သောလုပ်ငန်းများကို ပြန်လည် သုံးသပ်မှတ်တမ်း တင်ခြင်း၊ ဦးဆောင်မည့်သူများပြန်လည်ရွေးချယ်ခြင်း တို့လုပ်ဆောင်ကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်း ထားပါတယ်။

Zalen ad

“ဒီကိစ္စနဲ့ပတ်သက်ပြီး CDF –Thantlang ကာကွယ်ရေးပိုင်းပြင်ဆင်ဖွဲ့စည်းထားတာ နည်းနည်းရှိတယ် ပေါ့နော်။ အရင် တုန်းကတော့ တပ်မတော်ပိုင်းမှာ ကာကွယ်ရေးဦးစီးချုပ် (Commander-in-Chief )  ကအမြင့်ဆုံး တာဝန်ကို  ယူ ထားပြီး သူ့ရဲ့လက်အောက်မှာ တပ်မှူး (Commander 1, 2,3) ရှိတယ်။ ပြီးတော့  တောင်ကြော အလိုက် တပ်မှူး များဆိုပြီး ၆ ဦးအထိရှိပါ တယ်။ အခုတစ်ခေါက်ပြင်ဆင်တာကတော့ CNF/A နဲ့အခြား CDF များရဲ့ ဖွဲ့စည်းပုံအတိုင်း ကာကွယ်ရေးအတွင်းရေးမှူး (Defense Secretary ) ကနေကာကွယ်ရေးပိုင်း အမြင့် ဆုံးတာဝန်ကိုယူထားပြီး သူ့ရဲ့အောက်ကနေ  စစ်ဦးစီးအရာရှိချုပ် (Chief of Staff ,CS) နဲ့ ဒု- စစ်ဦးစီးအရာရှိ ချုပ်(Vice Chief of Staff ,VCS) ဆိုပြီး သူတို့ (၃) ဦးက ဦးစီးဦးဆောင်လုပ်မှာပါ။ တစ်ခြားအပိုင်းမှာတော့ ထွေထွေထူးထူးပြောင်းလဲတာ မရှိပါဘူး” လို့ CDF-ထန်တလန် တာဝန်ရှိသူတစ်ဦးက Zalen ကိုပြောပါတယ်။

CDF –Thantlang ရည်မှန်းချက်များဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းပြည်ပမှ ပြည်သူများ အနေဖြင့် ငွေကြေး ပိုင်းဆိုင်ရာမှာလည်း ပိုမိုပံ့ပိုး ကူညီပေးပါရန်လည်း ထုတ်ပြန်ချက်ထဲ ထည့်သွင်းထားပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာပြည်က သတ္တုတွင်းညစ်ညမ်းမှုကိစ္စ ကုလမေးခွန်းတွေကို အကြောင်းပြန်ဖို့ ထိုင်းအစိုးရကို လွှတ်တော်ကော်မတီ သတိပေး

ဇူလိုင် ၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံထဲက စည်းကမ်းမဲ့ သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုတွေ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေရဲ့ မေးမြန်းချက်တွေကို အကြောင်းပြန်ပေးဖို့ ထိုင်းအစိုးရကို ...

ဆက်ဖတ်ရန်