ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဖွဲ့စည်းတည်ထောင်ခြင်း (၆၃) နှစ်မြောက် နှစ်ပတ်လည်နေ့သို့ NUG သဝဏ်လွှာပေးပို့

အိုက်ခူမီး/၂၅၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျရောက်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization – KIO) ဖွဲ့စည်းတည်ထောင်ခြင်း (၆၃) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကချင်အမျိုးသားပြည်သူတရပ်လုံးနဲ့ထပ်တူ ဂုဏ်ပြုကြိုဆိုပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

၁၉၆၀ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဟာ ကချင်ဒေသနဲ ကချင်လူမျိုးတွေအတွက်သာမက ပြည်သူတရပ်လုံး လွတ်မြောက်ရေးကို အစဥ်တစိုက် အရေးပေးဆောင်ရွက်ခဲ့ပြီး စစ်အာဏာရှင်စနစ်ဆိုးအား အမြစ်ဖြတ်နိုင်ရန်နဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးတို့အတွက် ခေတ်အဆက်ဆက် ရင်းနှီးပေးအပ်ကြိုးစားအားထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

Zalen ad

လွတ်လပ်ရေးကြိုးပမ်းမှုမှ နွေဦးတော်လှန်ရေးအထိ ကချင်အမျိုးသားခေါင်းဆောင်ကြီးတွေနဲ့ ကချင်လူမျိုးတို့ရဲ့ အမြော်အမြင်ကြီးမားမှု၊ ရင်းနှီးပေးဆပ်မှုတွေနဲ့ စွန့်လွှတ်အနစ်နာခံမူတွေဟာ ပြည်သူတရပ်လုံး လွတ်မြောက်ရေးအတွက် ကြီးမားလှသော ခွန်အားတရပ်ဖြစ်သည်ဟု ဆိုပါတယ်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဖားကန့်မြို့နယ်၊ အနန့်ပါ ဖြစ်ရပ်ဆိုးကြီး တစ်နှစ်ပြည့်လုနီးနီးမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှု ကြောင့် မုန်လိုင်ခက် ကြေကွဲဖွယ်ဖြစ်ရပ်ဆိုးကို ထပ်မံကြုံတွေခဲ့ရပါတယ်။

အဆိုပါ ဖြစ်ရပ်ဆိုးကြီးတွေ လွင့်ပါးသွားခဲ့ရတဲ့ ပြည်သူ တဦးတယောက်ချင်းစီတိုင်းအတွက် ထပ်တူထပ်မျှ ဝမ်းနည်း ကြွေကွဲရပြီး ကျန်ရစ်သူ မိသားစုဝင်များအပေါ်တွင် စာနာမိပါကြောင်း အလေးအနက် ထပ်လောင်း ဖော်ပြအပ်ပါတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လတွင် ဖြစ်ပွားခဲ့တဲ့ လိုင်ဇာဒေသ၊ နမ်ဆန်ယန်ကျွေးရွာအနီး အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ကချင်လွတ်လပ်ရေးတပ်မတော် ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ အောင်မြင်စွာ ခုခံစစ်ဆင်တွန်းလှန်နိုင်ခဲ့ကြတဲ့ အပေါ်တွင် လေးစားဂုဏ်ပြုအပ်တယ်လို့ NUG ရဲ့ သဝဏ်လွှာ၌ ဖော်ပြထားပါတယ်။

NUG အနေဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးတိုက်ပွဲတွင် အတူတကွ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိ သစ္စာပြုလျက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အပြည့်အဝ အာမခံသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်တဲ့အထိ အတူရုန်းကန်ဖေးမချီတက်ကြပါစို့ဟု တိုက်တွန်း နှိုးဆော်ထားပါတယ်။

နောက်ဆုံးရသတင်းများ

မီဇိုးယာဉ်မောင်းတဦးသေဆုံးခဲ့တာကြောင့် ပိတ်ထားတဲ့ အိန္ဒိယ-မြန်မာနယ်စပ်လမ်းပြန်ဖွင့်ပြီ

ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၆ Zalen အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်ဘက်ခြမ်းကနေ ပိတ်ထားတဲ့ နယ်စပ်လမ်းများကို လောင်တလိုင် ခရိုင် အုပ်ချုပ်ရေးမှူးက ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်ကနေစပြီး ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ လောင်တလိုင်ခရိုင် နဲ့  မြန်မာ ( ...

ဆက်ဖတ်ရန်