စက္ကန့်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကိုကာကွယ်ရေးတပ်က တိုက်ခိုက်၊ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံး

၂၆ အောက်တိုဘာ၊၂၀၂၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အနောက်တောင်ပိုင်း၊ စက္ကန့်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကိုဒီကနေ့ အောက်တိုဘာ ၂၆ရက်နေ့ မနက် ၁၁နာရီလောက်မှာ ကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ စက္ကန့်ကျေးရွာအဝင်ကျောက်ခွဲစက်အနီး တာဝါတိုင်အောက်မှာဘန်ကာအခိုင်အမာတည်ဆောက်ထားပြီးစက္ကန့်ရွာကို စီးနင်းထားတာဖြစ်ပါတယ်။

“ဒီမနက် ၁၁နာရီလောက်မှာ ကျွန်တော်တို့ဖက်ကစပြီးသွားတိုက်တာ။ တိုက်ပွဲကြာချိန်နာရီဝက်၊ တစ်နာရီလောက်ဖြစ်မယ်။ ခွေးတွေဖက်ကတစ်ကောင်သေတယ်။ ကိုယ်တွေဖက်ကတော့အထိခိုက်မရှိဘူး။ သူတို့ဖက်ကအထိနာသွားတော့ ဒရုန်းနှစ်စင်းနဲ့ အီနာဂါဗုံးတွေလာချတယ်။ဒရုန်းတစ်စင်းကိုကျွန်တော်တို့ဖက်က ပစ်ခတ်ဖျက်စီးနိုင်ခဲ့ပါတယ်” လို့ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Zalen ad

စစ်ကောင်စီတပ်တွေဟာ စက္ကန့်ကျေးရွာကိုတစ်လကျော်ခန့်စီးနင်းထားပြီး နေ့စဥ်ရက်ဆက်ရွာကိုမီးရှို့ဖျက်ဆီးနေတာဖြစ်ပါတယ်။ အိမ်ခြေ ၉၀၀ခန့်ရှိတဲ့ စက္ကန့်ကျေးရွာဟာစစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ရွာလုံးကျွတ်နီးပါးပြာကျသွားခဲ့ပြီး ဒေသခံပြည်သူထောင်နဲ့ ချီဟာလည်း ဘေးလွတ်ရာကိုတိမ်းရှောင်နေရတာဖြစ်ပါတယ်။

ဒေမီယံ

နောက်ဆုံးရသတင်းများ

မြန်မာပြည်က သတ္တုတွင်းညစ်ညမ်းမှုကိစ္စ ကုလမေးခွန်းတွေကို အကြောင်းပြန်ဖို့ ထိုင်းအစိုးရကို လွှတ်တော်ကော်မတီ သတိပေး

ဇူလိုင် ၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံထဲက စည်းကမ်းမဲ့ သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုတွေ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေရဲ့ မေးမြန်းချက်တွေကို အကြောင်းပြန်ပေးဖို့ ထိုင်းအစိုးရကို ...

ဆက်ဖတ်ရန်