တိုက်ပွဲတွေကြောင့် ပိတ်ထားရတဲ့ တီးတိန်မြို့ ပြည်သူ့ဆေးရုံပြန်ဖွင့်

၃၊ သြဂုတ် ၂၀၂၄

Zalen

တိုက်ပွဲကြောင့် ၂လ ကျော် ကြာ ပိတ်ထားခဲ့ရတဲ့ ချင်းပြည်နယ်၊ တီးတိန်မြိုက  ပြည်သူ့ဆေးရုံကို ဩဂုတ် ၁ ရက်နေ့မှာ ပြန်ဖွင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တီးတိန်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ PDF Zoland တို့ မေလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဇူလိုင်လကုန်အထိ ပြည်သူ့ဆေးရုံကို ပိတ်ခဲ့ရတာပါ။

Zalen ad

တီးတိန်မြို့ ကုတင် ၁၀၀ ပြည်သူ့ဆေးရုံကို ဇူလိုင်လမှာ ပြန်လည် ပြင်ဆင် မွမ်းမံခဲ့ပြီး လက်ထောက်ဆရာ၀န်တွေ၊ ကျန်းမာရေး ၀န်ထမ်းတွေနဲ့သာ ပြန်ဖွင့်ခဲ့တာလို့ ဆိုပါတယ်။

” တိုက်ပွဲ ဖြစ်တော့ ဆေးရုံအုပ်က တခြားမြို့မှာ ရှောင်နေတယ်။ အခုပြန်ဖွင့်လို့ရတော့ ပြန်မလာရဲတော့ဘူး ဖြစ်နေတာ။ လက်ထောက်ဆရာ၀န်နှစ်ယောက်နဲ့ တခြား ကျန်းမာရေး သူနာပြုတွေ ဖွင့်တာ။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တီးတိန်မြို့ ရှိ အသင်းတော် ကြီးများက အလှူငွေ ထည့်ဝင်ခဲ့ကြပြီး မြိုမိမြို့ဖ‌တွေက ဆေးရုံ ပြန်ဖွင့်နိုင်ဖို့ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၁ ရက်နေ့မှာ တီးတိန်မြို့က စာသင် ကျောင်းတွေ စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ဇူလိုင် ၂၆ ရက်နေ့မှာ WiFi အင်တာနက် နဲ့ လျှပ်စစ်မီးလည်း   ပြန်လည် ရရှိခဲ့ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

Trump အစိုးရက ဒေါ်လာ ၃၆၈ သန်းတန် ပင်လယ်ရေအောက် စောင့်ကြည့်ရေးစနစ်ကြီးဖျက်သိမ်းမည်

ဇွန် ၂၊ ၂၀၂၆ Zalen အမေရိကန်သမ္မတ Donald Trump အစိုးရက ဒေါ်လာ ၃၆၈ သန်းကုန်ကျခံပြီး တည်ဆောက်ထားသည့် သမုဒ္ဒရာအောက် စောင့်ကြည့်ရေးစနစ်ကြီးကို ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်ခြင်းသည် ကမ္ဘာ့ရာသီဥတု သုတေသနလောကအတွင်း စိုးရိမ်မှုများ မြင့်တက်စေခဲ့ကြောင်း ...

ဆက်ဖတ်ရန်