တမူးမြို့မှာ ဓာတ်ဆီး ဈေး တစ်ဂါလံ ၄၂၀၀၀ထိ မြင့်တက်

၇၊ ဩဂုတ် ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ဓာတ်ဆီဈေး ၄၂၀၀၀ ထိမြင့်တက်နေတာကြောင့် ဒေသခံများအခက်တွေ့နေတယ်လို့ ဒေသခံများက ပြောပါတယ်။

” ဓာတ်ဆီဈေးက တစ်ဂါလံ ၄၂၀၀၀ကျပ်ထိ ပေးဝယ်နေရပြီ။ သွားလာရေးက ဆိုင်ကယ်နဲ့ သွားရတာဆိုတော့ ဓာတ်ဆီဝယ်ထည့်ဖို့က မတတ်နိုင်ကြတော့ဘူး။ အလုပ်သွားတာတို့ ဈေးရောင်းထွက်ဖို့ဆို ဆီ ဈေးကြီးတော့ ကိုယ်ရောင်းတဲ့ ကုန်စိမ်းနဲ့ အခြားကုန်ပစ္စည်းတွေကိုဈေးတင်ရောင်းရတော့တာ။ အလုပ်ကိုင်ကရှားပါးတော့ လယ်တို့ စိုက်ခင်းတို့ သွားဖို့ကလည်းမလွယ်တော့ဘူးဗျ။ ကြာလာရင် စက်ဘီးပဲ နှင်းရတော့မယ့် ဘဝရောက်နေပြီ”လို့ ဒေသခံ တစ်ဦးက Zalen ကိုပြောပါတယ်။

Zalen ad

တမူးမြို့မှာ လုပ်ငန်းအချို့ ရပ်ဆိုင်းထားတာကြာနေပြီဖြစ်တာကြောင့် ကားကြီးတွေမထွက်လို့ သုံးဘီး၊ ဆိုင်ကယ် များကို အဓိကထား အသုံးပြုနေတာကြောင့်နဲ့ ဆီဆိုင်တွေမှာ ဓာတ်ဆီ ထပ်ရောက်မလာပဲ လက်ကျန်ဆီများသာ ရောင်းချပေးနေရလို့ အခုလို ဓာတ်ဆီဈေး အဆမတန် မြင့်တက်နေတာလို့ ဆီဆိုင်များနဲ့ နီးစပ် သူတစ်ဦးထံမှ သိရပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့မှာ မြန်မာငွေဈေး အဆမတန်ကျဆင်းနေတာကြောင့် ကုန်ဈေးနှုန်းလည်း အဆမတန်မြင့်တက်နေပြီး အိန္ဒိယ ရူပီး ၁၀၀ ကို မြန်မာငွေ ၅၆၀၀ကျပ်ထိ မြင့်တက်နေပြီး မြန်မာငွေနဲ့ အိန္ဒိယ ကုန်ပစ္စည်း ရူပီး ၁၀၀ တန်ကို မြန်မာ ငွေနဲ့ ၆၀၀၀ ထိပေးဝယ် နေရတယ်လို့ ဒေသခံများက ပြောပါတယ်။

သတင်း – တမူးနွေဦး

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့ထဲတွင် အစိုးရအဖွဲ့ယန္တရားပြန်လည် လည်ပတ်ဖို့ကြိုးစားမှုတွေပြုလုပ်နေတဲ့ စစ်ကောင်စီ

ဧပြီ ၂၉၊ ၂၀၂၆ Zalen ပြီးခဲ့တဲ့ ဧပြီလ ၂၅ရက်နေ့က စစ်ကောင်စီဟာ ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီတော်လှန်ရေးတပ်ဖွဲ့တွေထံမှ ဖလမ်းမြို့ကို ပြန်လည်ရယူသွားပြီးနောက် ၎င်းတို့ အစိုးရအဖွဲ့ယန္တရားပြန်လည် လည်ပတ်ဖို့ကြိုးစားမှုတွေ ရှိနေတယ်လို့ စစ်ကောင်စီသတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။ စစ်ကောင်စီဟာ ဖလမ်းမြို့ပြန်လည်ရရှိပြီးနောက် ...

ဆက်ဖတ်ရန်