မီဇိုရမ်မှာ အာဖရိကဝက်တုပ်ကွေးရောဂါကြောင့်ဒီနှစ်အတွင်း ဝက်အကောင်ရေ တစ်သောင်းကျော် သေဆုံးပြီ

၁၉၊ ဩဂုတ်၊၂၀၂၄

Zalen

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ အာဖရိက ဝက်တုပ်ကွေးရောဂါ (African Swine Fever ) ကြောင့်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ယခုနှစ် ၂၀၂၄ အတွင်း ဝက်အကောင်ရေ တစ်သောင်းကျော်သေဆုံးပြီဖြစ်ကြောင်း မီဇိုရမ်ဒေသတွင်းတသင်းတွေမှာ ဒီကနေ့ ဩဂုတ်လ ၁၉ ရက်မှာဖော်ပြထားပါတယ်။

အဆိုပါ အာဖရိက ဝက်တုပ်ကွေး (ASF)ဟာ မီဇိုရမ်ပြည်နယ်အတွင်းက ရပ်ကွက်နဲ့ ကျေးရွာ ၂၀၀ ကျော်မှာ ဖြစ်ပွားနေပြီး  တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန ( Animal Husbandry & Veterinary Department) ရဲ့စာရင်းအရ မနေ့ဩဂုတ်လ ၁၈ ရက်နေ့မှာတင် အာဖရိက ဝက်တုပ်ကွေး ကြောင့် မီဇိုရမ်အတွင်း ခရိုင် ၄ ခုမှာ ဝက်အကောင်ရေ ၆၀ သေဆုံး ခဲ့တယ်လို့သိရပါတယ်။

Zalen ad

မနေ့က အာဖရိက ဝက်တုပ်ကွေး ကြောင့်ဝက်သေဆုံးမှုအများဆုံး ခရိုင်က ခေါဇောလ် ခရိုင်၊ ဂျာလ်ရန်း (Calrang) ကျေးရွာမှာ ဖြစ်ပြီး ဝက် ၂၆ ကောင်သေဆုံးခဲ့ကာ ကျန်တဲ့ခရိုင်တွေမှာတော့ ၁၀ ကောင် အောက်သေဆုံးခဲ့ကြပါတယ်။

မနေ့က သေဆုံးတဲ့ဝက်အကောင် ၆၀ အပါအဝင် ယခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့၊ ကျန်ဖိုင်ခရိုင် လေးသုန် (Leithum) ကျေးရွာမှ ဝက်တုပ်ကွေးရောဂါ စတင်တွေ့ရှိတဲ့အချိန်ကနေ့ ဒီကနေ့အထိ သေဆုံးသွားတဲ့ ဝက်အကောင်ရေဟာ ၁၀၀၄၁ ရှိပြီဖြစ်ပါတယ်။

အလားတူ မနေ့ဩဂုတ်လ ၁၈ ရက်နေ့မှာပဲ ဝက်တုပ်ကွေး မပြန့်ပွားရန်အတွက် ဝက်အကောင်ရေ ၅၈ ကောင် ကိုရှင်းလင်းခဲ့ပြီး တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန ( Animal Husbandry & Veterinary Department) ရဲ့စာရင်းအရ ဒီနှစ်အတွင်း ဝက်တုပ်ကွေးရောဂါမပြန့်ပွားဖို့ ကြိုတင်ရှင်းလင်းထားတဲ့ ဝက်အကောင်ရေ ၁၈၂၅၀ ရှိပြီဖြစ်ပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

Trump အစိုးရက ဒေါ်လာ ၃၆၈ သန်းတန် ပင်လယ်ရေအောက် စောင့်ကြည့်ရေးစနစ်ကြီးဖျက်သိမ်းမည်

ဇွန် ၂၊ ၂၀၂၆ Zalen အမေရိကန်သမ္မတ Donald Trump အစိုးရက ဒေါ်လာ ၃၆၈ သန်းကုန်ကျခံပြီး တည်ဆောက်ထားသည့် သမုဒ္ဒရာအောက် စောင့်ကြည့်ရေးစနစ်ကြီးကို ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်ခြင်းသည် ကမ္ဘာ့ရာသီဥတု သုတေသနလောကအတွင်း စိုးရိမ်မှုများ မြင့်တက်စေခဲ့ကြောင်း ...

ဆက်ဖတ်ရန်