ချင်းဖိုက်တာ MT Timothy ဒိုင်အမှတ်နဲ့ရှုံးနိမ့်

၂၊နိုဝင်ဘာလ၊၂၀၂၄

Zalen

ချင်းပြည်နယ်၊ မတူပီသား MT Timothy ဟာ ဒီညနေ ထိုးသတ်တဲ့ ဘောက်ဆင်ပွဲမှာ ဒိုင်အမှတ်နဲ့ရှုံးနိမ့်သွားပါ တယ်။

မလေးရှားနိုင်ငံ ဂျောဟိုဘာရို (Johor Bahru ) မှာဒီညနေကျင်းပတဲ့ အပျော်တမ်းလက်ဝှေ့ပွဲမှာ မလေးရှားနိုင်ငံသား မိုဟာမက်နာဆီမ် ( Muhamad Nasim ) အသက် (၂၅) နှစ်နဲ့ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီးတော့ ဒိုင်အမှတ်နဲ့ရှုံးနိမ့်ခဲ့တာပါ။

Zalen ad

သူတို့နှစ်ဦးက ၅၀ ကီလိုဝိတ်တန်းမှာထိုးသတ်ကြတာဖြစ်လို့ ချင်းလူငယ်အတွက် ရက်တိုအတွင်း ၄ ကီလို ဝိတ်ချခဲ့ရပါတယ်။ ပွဲကစားချိန်အတွင်း ပြိုင်ဘက်က ပွဲကိုစိတ်အေးအေးထား ဆော့သွားပြီးတော့ အမှတ်တွေဖဲ့ယူ ထားပါတယ်။ ဒုတိယအချီမှာတော့ Timothy သက်လုံကျသွားပြီးတော့ အမှတ်နဲ့အရှုံးပေးလိုက်ရတာပါ။

မလေးရှားနိုင်ငံသား မိုဟာမက်နာဆီမ် ( Muhamad Nasim ) က ပရော်ဖက်ရှင်နယ်ဖိုက်တာ အဖြစ် ၃ ပွဲ ထိုးသတ်ဖူးတဲ့သူဖြစ်ကာ သူထိုးသတ်ခဲ့တဲ့ ၃ ပွဲစလုံးအနိုင်ရရှိထားပါတယ်။ Timothyက အပျော်တမ်း လက်ဝှေ့၊ ကစ်ဘောက်ဆင် တွေမှာ ၂၄ ပွဲထိုးသတ်ပြီး ၁၈ ပွဲနိုင်၊ ၆ ပွဲရှုံးထားပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်း တွေမရှိလို့ ပရော်ဖက်ရှင်နယ်ပွဲတွေ မထိုးသတ်နိုင်သေးဘူးလို့ Timothy ကပြောတယ်။

Timothy ဟာ ညာသန်ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ပွဲမှာသူအားထားရတဲ့ ညဘက်လက်ချောင်း ဒဏ်ရာရခဲ့လို့ ဒီတစ်ခေါက်ပွဲအတွက် ဘယ်ဘက်လက်ကို ပိုအားသာအောင်လေ့ကျင့်ထားကြောင်း၊ ဒီဒဏ်ရာကြောင့် စိတ်အနှောင့်အယှက်တွေဖြစ်ကြောင်း Zalen ကိုပြောပါတယ်။

ပွဲအပြီးမှာ MT Timothy က KL မှာသူ့ဝိတ်တန်းထဲ ခါးပတ်လုပွဲမရှိလို့ ၅ နာရီခရီးသွားရတဲ့ Johor ကို သွားပြီးတော့ ၃ ရက်ဆက်တိုက် ထမင်းမစား၊ ရေမသောက်ပဲ ၄ကီလိုကျော်ဝိတ်ချပြီးတော့ ထိုးသတ်ခဲ့တာဖြစ် ကြောင်း၊ သူချန်ပီယံဖြစ်ချင်လို့ ကြိုစားလုပ်ဆောင်ခဲ့တာဖြစ်ကြောင်းနဲ့ ဝေဖန်ကြတဲ့ပရိတ်သတ်များကို နားလည် ကြောင်း သူ့ရဲလူမှုကွန်ယက်စာမျက်နှာကနေ ဖော်ပြထားပါတယ်။

MT Timothy က ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့မှာ Matupi Chin Entertainment မှ ပေးအပ်တဲ့ တစ်နှစ်တာ အကောင်းဆုံးအားကစားသမားဆု ကိုရရှိခဲ့သလို ၂၀၂၃ ခုနှစ်မှာ Chin Tube ကပေးတဲ့ တစ်နှစ်တာ အကောင်းဆုံးအားကစားသမားဆုကိုလည်းဆွတ်ခူးထားသူဖြစ်ပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ် အကျဉ်းသား တွေကို ပြစ်ဒဏ်လျှော့ပေါ့သက်သာခွင့်ပြု

ဧပြီ ၁၇ ၊ ၂၀၂၆ Zalen ဒီနေ့ ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ရဲ့ သမ္မတရုံးကနေ အကျဉ်းသားတွေအတွက် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ကို ထုတ်ပြန်လိုက်ပါတယ်။ နှစ်သစ် အထိမ်းအမှတ်အနေနဲ့ရော၊ ပြည်သူတွေ ...

ဆက်ဖတ်ရန်