မီဇိုရမ်ပြည်နယ် ချင်းစစ်ဘေးရှောင်စခန်းမှာ ကလေးတွေအပါအဝင် ၄၀ ကျော် ကာလဝမ်းရောဂါဖြစ်ပွား

ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၅

Zalen

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ ကာကီကျေးရွာက ပလက်ဝ စစ်ဘေးရှောင်စခန်းမှာ လသားကလေးအရွယ်တစ်ဦးအပါအဝင် ၄၂ဦး ကာလဝမ်းရောဂါ ကူးစက်ခံထားရတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ကစလို့ ကာကီကျေးရွာက စစ်‌ဘေးရှောင်စခန်းမှာ ဝမ်းရောဂါ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီနေ့အထိ ၉ လသားအရွယ်တစ်ဦးအပါအဝင် အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၂၃ ဦးတို့ ကူးစက်ခံထားရပါတယ်။

Zalen ad

“ရောဂါကူးစက်မှုက တဖြည်းဖြည်းနဲ့ လူဦးရေက ပိုမိုများလာပါတယ်။ ဆေးကုသမယ့် ဆေးမရှိတာ၊ ကျန်းမာရေး ဝန်ထမ်းတွေမရှိတာက ပိုဆိုးတာပေါ့နော်။ “လို့ ကာကီကျေးရွာက ပလက်ဝ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

အသက်ကြီးပိုင်းအရွယ်တွေနဲ့ အသက်မပြည့်သေးတဲ့လူငယ်တွေမှာ ရောဂါဖြစ်ပွားမူ ပိုများလာတယ်လို့ သိရပါတယ်။ အရေးပေါ်ဆေးဝါးအကူအညီတွေ လိုအပ်နေပါတယ်။

“ဆေးကုသမူမလုပ်ရင် ကလေးတွေနဲ့ လူကြီးတွေက အသက်အန္တရယ် စ်ိုးရိမ်နေရသလို ကူးစက်မူလည်းမြန်တာကြောင့် ရောဂါဖြစ်ပွားမူ လူနာတွေပိုများလာနိုင်ပါတယ်။” လို့ ကာကီကျေးရွာက ပလက်ဝစစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝ၊ မင်းတပ်၊ မတူပီ နဲ့ ကန်ပက်လက်မြို့နယ်တွေမှာ ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလလယ်ကစပြီး ကာလဝမ်းရောဂါ ကူးစက်ခံထားရသူ ၄၈၁ဦးရှိပြီး တစ်နှစ်အောက် ကလေးငယ် သုံးဦးနှင့် လူကြီးတစ်ဦး သေဆုံးခဲ့တယ်လို့ Chin Telehealth က ဇန်နဝါရီလ ၅ရက်နေ့က ထုတ်ပြန်ထားပါတယ်။

သတင်း – ကိုခူမီး

နောက်ဆုံးရသတင်းများ

လောင်တလိုင်ခရိုင်ရဲတပ်ဖွဲ့က ဒရုန်း အသုံးပြုပြီး ရှာဖွေရာ ဘိန်းစိုက်ပျိုးသူနှစ်ဦးဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၆ Zalen မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း ဘိန်းစိုက်ပျိုးသူနှစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ကြောင်း ဒေသတွင်း သတင်းများက ဒီကနေ့ဖော်ပြထားပါတယ်။ လောင်တလိုင်ခရိုင်ရဲတပ်ဖွဲ့က ခရိုင်အတွင်း ဘိန်းစိုက်ခင်းရှိကြောင်း တိုင်ကြားချက်လက်ခံရရှိပြီးနောက် ဒရုန်း အသုံးပြုပြီး ရှာဖွေမှုများပြုလုပ်ခဲ့ရာ အဆိုပါဘိန်းစိုက်ခင်းကို ...

ဆက်ဖတ်ရန်