နယူးယောက်မြို့တော်ဝန်သစ်အဖြစ် အိန္ဒိယနွယ်ဖွား မမ်ဒါနီ အနိုင်ရရှိ

နိုဝင်ဘာ ၅၊ ၂၀၂၅

Zalen

အမေရိကန်နိုင်ငံရဲ့ အကြီးဆုံးမြို့တော်ဖြစ်တဲ့ နယူးယောက်မြို့တော်ဝန် ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ် ဇိုရန် မမ်ဒါနီ က အပြတ်အသတ် အနိုင်ရရှိခဲ့တယ်လို့ မနေ့ နိုဝင်ဘာ ၄ရက်နေ့ ညပိုင်းက မဲရလဒ်များအရ အတည်ပြုနိုင်ခဲ့ပါတယ်။

အသက် ၃၄ နှစ်သာရှိသေးတဲ့ မမ်ဒါနီ ဟာ နယူးယောက်မြို့ရဲ့ ရာစုနှစ်တစ်ခုအတွင်း အသက်အငယ်ဆုံး မြို့တော်ဝန်ဖြစ်လာခဲ့ပါတယ်။

Zalen ad

ဒါ့အပြင် သူဟာ အိန္ဒိယနွယ်ဖွား ဖြစ်ခြင်းနဲ့ မွတ်ဆလင်ဘာသာဝင်ဖြစ်ခြင်းတို့ကြောင့် ပထမဆုံး တောင်အာရှနွယ်ဖွားနဲ့ မွတ်ဆလင်ဘာသာ၀င်တစ်ဦး မြို့တော်ဝန် အဖြစ်လည်း သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

သူဟာ ယူဂန်ဒါနိုင်ငံတွင် မွေးဖွားခဲ့သူလည်း ဖြစ်ပါတယ်။

မမ်ဒါနီ ဟာ မြို့တော်ဝန်ဟောင်း အန်ဒရူး ကူမို အပါအဝင် ပြိုင်ဘက်များကို အနိုင်ယူနိုင်ခဲ့ခြင်းဟာ ၎င်းရဲ့ နေထိုင်စားသောက် စရိတ် ကြီးမြင့်မှု ကို ဖြေရှင်းပေးမယ့် ပြင်းထန်သော မူဝါဒကြောင့်ဖြစ်တယ်လို့ နိုင်ငံရေးသုံးသပ်သူများက ဆိုပါတယ်။

မဲရုံများ ပိတ်ပြီး မကြာမီမှာ မမ်ဒါနီက အောင်ပွဲခံမိန့်ခွန်း ပြောကြားရာ “ဒီညမှာ နယူးယောက်မြို့သားတွေဟာ ပြောင်းလဲဖို့အတွက် လိုအပ်တဲ့ အမိန့်ကို ချမှတ်လိုက်ပါပြီ။ ဒီအောင်ပွဲဟာ မဖြစ်နိုင်ဘူးလို့ ယူဆထားတဲ့ ကိစ္စတွေကို မျှော်လင့်ခွင့်ပေးခဲ့လို့ပါ” ဟု ပြောကြားသွားပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့် သည် ဒီမိုကရေတစ် ဆိုရှယ်လစ် ကိုယ်စားလှယ် အနိုင်ရပါက ဖက်ဒရယ်ရန်ပုံငွေများ ဖြတ်တောက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

မမ်ဒါနီ ဟာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်တာဝန်ယူမည်ဖြစ်ပြီး ၎င်း့ ဒီမိုကရက်တစ်ဆိုရှယ်လစ် မူဝါဒများဟာ ကမ္ဘာ့အကြီးဆုံး စီးပွားရေးအချက်အချာကျသော မြို့တော်ကို မည်သို့ ဦးဆောင်မလဲဆိုသည်ကို နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

သတင်း-ဆလိုင်း

ကိုးကား-နိုင်ငံခြားမီဒီယာ

နောက်ဆုံးရသတင်းများ

တီးတိန်မြို့သိမ်းတိုက်ပွဲကို ခွင့်ပြုမှာမဟုတ်ဘူးလို့ ZRA-EC ပြော

ဧပြီ ၂၂၊ ၂၀၂၆ Zalen ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့မှာ နွေဦးတော်လှန်ရေးကို အကြောင်းပြပြီး မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်တာမျိုးကို လုံးဝခွင့်ပြုမှာမဟုတ်ဘူးလို့ Zomi Political Coordination Council (ZPCC) /ZRA-EC က ကန့်ကွက်လိုက်ပါတယ်။ Zogam ...

ဆက်ဖတ်ရန်