
ဧပြီ ၂၅၊ ၂၀၂၆
Zalen
ဖလမ်းမြို့တွင်းနဲ့ ဆူးရ်ဘုန်လေဆိပ် ပြန်လည် ရရှိရေးတွက် အကြမ်းဖက်စစ်တပ်ဟာ မနေ့က ညပိုင်း ၁၀:၃၀ချိန်ထိအောင် ပြင်းထန်တဲ့ လေကြောင်းထိုးစစ်များပြုလုပ်ခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ ဧပြီ ၂၅ရက် ဒီနေ့ မနက်ပိုင်းမှာတော့ ဖလမ်းမြို့သို့ ဝင်ရောက်နိုင်ခဲ့တယ်လို့သိရှိရပါတယ်။
ဝေဟင်ထိုးစစ်ကို သာလွန်စွာအသုံးပြုပြီး လက်ရှိချိန်ထိလည်း မြို့အနီးတဝ်ိုက်မှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေကြား စစ်ရေးခြေနေတင်းမှာနေဆဲပဲလို့လည်းသိရှိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ဖလမ်းမြို့ပြန်လည် ရယူရေးထိုးစစ်ဆင်မှု ၇လနီးပါး ကာလအတွင်းမှာ ချင်းညီနောင်(CB)နဲ့ ချင်းလဲန်းကောင်စီ (CC) တပ်ဖွဲ့တို့ဟာ ၎င်းတို့တပ်ဖွဲ့တွေရဲ့ အင်အားထက် အစစအရာရာသာလွန်တဲ့ စကစကို ယနေ့ချိန်ထိ စည်းစည်းလုံးလုံးနဲ့ တွန်းလှန်တိုက်ခိုက်နေကြရတာပဲဖြစ်ပါတယ်။
ယင်း ၇လနီးပါးကြာမြင့်ခဲ့တဲ့ တိုက်ပွဲတွင်းမှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စကစဘက်တို့မှ အရာရှိအပါအဝင် ရဲဘော် ကျဆုံးမှုများလည်း ရှိခဲ့ပါတယ်။
ယခုတိုက်ပွဲဖြစ်စဉ်အသေးစိတ်အချက်အလက်များကို လက်ရှိချိန်ထိ Zalen အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါ။
မိုင်နွေဦး

















