ကန်ပက်လက်ကို စစ်ကောင်စီက ဗုံးကြဲ ၊  Y-12 နဲ့ ရိက္ခာတွေချပေး၊ စစ်ကူထွက်လာတဲ့ စစ်ကြောင်း ကျောက်စစ်ရောက်လာ

မေ ၂၉၊၂၀၂၆

Zalen

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်အတွင်းကို စစ်ကောင်စီက မနေ့က ည နေပိုင်း ၅ နာရီခွဲ ၀န်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တွေထံက သိရပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုမှာ နေပြည်တော်လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ နဲ့  ကန်ပက်လက်မြို့နယ်အရှေ့ခြမ်းကို  လေကြောင်းတိုက် ခိုက်မှု နှစ် ကြိမ် ပြုလုပ်ခဲ့ တာပါ။

Zalen ad

” ဗုံးသီး လေးလုံးကြဲသွားတာ။အဲဒါပြီးတော့ ရိက္ခာတွေလာချတယ်” လို့ ဒေသခံတစ်ဦးက Zalen ကိုပြောပါတယ်။

ကန်ပက်လက် နဲ့ ဆောမြို့နယ် အစပ် နေရာတွေကို စစ်ကောင်စီတပ်က ရိက္ခာတွေ ထပ်ဖြည့်တော့ နှစ်ဖက် တိုက်ပွဲတွေ ဆက်လက် ပြင်းထန် နိုင်တယ်လို့ ၄င်းကရှင်းပြပါတယ်။

ကျောက်ထုက စစ်ကြောင်းနှစ်ကြောင်း ခွဲပြီး ဆောမြို့နယ်ဘက်ကိုထွက်ခွာလာတဲ့စစ်ကြောင်းကလည်း လက်ရှိအချိန်မှာ ဆောမြို့နယ် ‌၊ ကျောက်စစ်ရွာကို တစ်ချို့ရောက်ရှိလာကြပြီး  ကန်ပက်လက်ဘက်လည်း စစ်ကူသွားနိုင်သလို၊ ဆောမြို့ကိုလည်း ၀င်နိုင်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့  မေလ ၂၅ ရက် ၊မနက်အစောပိုင်းမှာလည်း ကန်ပက်လက် မြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာ နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က ဆောမြို့ကနေ ကန်ပက်လက်မြို့ကို စစ်ကြောင်းထိုး၀င်ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက လက်ရှိအချိန်ထိ ၆ မိုင်၀န်းကျင်နားမှာပဲရှိနေကြသေးတယ်လို့ သိရပါတယ်။

ဒီကနေ့ မေလ ၂၉ ရက်နေ့မှာလည်း ကန်ပက်လက် နဲ့ ဆော နယ်စပ်ကို စစ်ကောင်စီက Y-12 ထောက်ပို့ ၊ ကင်းထောက် ၊ဗုံးကြဲလေယာဉ်နဲ့ လက်နက် ၊ ရိက္ခာ တွေ လာရောက် ချထားတယ်လို့ သိရပါတယ်။

သတင်း – မိုင်လှူးလှူး

နောက်ဆုံးရသတင်းများ

မြန်မာခရိုနီ ကိုကိုလတ်ကို အိုက်စလန်က ရာထူးကနေ ဖယ်ရှား၊ ပစ်မှတ်ထားအရေးယူဖို့ JFM တောင်းဆို

မေ ၂၉၊ ၂၀၂၆ Zalen မြန်မာ စစ်ကောင်စီနဲ့ စီးပွားရေး ပတ်သက်မှုတွေ ရှိနေတဲ့ ခရိုနီလုပ်ငန်းရှင် ကိုကိုလတ်ကို အိုက်စလန်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ရာထူးကနေ တရားဝင် ရုပ်သိမ်းလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလုပ်ရပ်အပေါ် ...

ဆက်ဖတ်ရန်