ဇွန် ၂၊ ၂၀၂၆
Zalen
အမေရိကန် ကွင်းလယ်လူ ဘရန်းဒန် အာရွန်ဆန်ဟာ မေလ ၂၉ ရက်နေ့က ပြုလုပ်တဲ့ အမေရိကန် ကမ္ဘာ့ဖလားအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်ကို ပျက်ကွက်ခဲ့ပါတယ်။
အခုလို ပျက်ကွက်ခဲ့တာဟာ သူရဲ့ မင်္ဂလာဆောင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီသတင်းတွေကြောင့် သူရဲ့ ပရိသတ်တွေကြား လူစိတ်ဝင်စားမှုမြင့်လာပါတယ်။

လိဒ်စ် (Leeds) အသင်းရဲ့ ကွင်းလယ်လူဖြစ်သူ အာရွန်ဆန်ဟာ စိန့်ဂျိုးဆက်ဖ် အမျိုးသားဘောလုံးအသင်းနည်းပြ ဒွန် ဒီအမ်ဘရာ ရဲ့ သမီးဖြစ်ပြီး သူနဲ့ ရေရှည်လက်တွဲလာခဲ့တဲ့ ချစ်သူ ဒီအမ်ဘရာနဲ့ မင်္ဂလာဆောင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလား အမေရိကန်အသင်းဝင်လည်းဖြစ်ခဲ့သူ အာရွန်ဆန်ဟာကြာသပတေးနေ့ လေ့ကျင့်ရေးအပြီးမှာ စခန်းမှ ထွက်ခွာခဲ့ပြီး စနေနေ့ လေ့ကျင့်ရေးအမှီ ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။
မင်္ဂလာဆောင်ကို ကိုယ်တိုင်မတက်ရောက်နိုင်တဲ့ အသင်းဖော် ကွင်းလယ်လူ ဂျီယို ရေနာ ရဲ့ ကိုယ်စား ၎င်းရဲ့ ဇနီးဖြစ်သူ ကလိုဝီ က တက်ရောက်ခဲ့ပါတယ်။
အဲ့ဒီမင်္ဂလာဆောင်မှာ ဖုန်းသုံးခွင့် ပိတ်ထားသလားဆိုတာ ကျွန်တော်တို့ သေချာမသိသေးဘူး။ အတည်ပြုနိုင်အောင် လုပ်နေပါတယ်။ အကယ်၍ ဖုန်းသုံးလို့ရတဲ့ မင်္ဂလာဆောင်ဆိုရင် ဂျီယိုရဲ့ဇနီးက FaceTime ကနေတစ်ဆင့် ပြသပေးမှာမလို့ ကျွန်တော်တို့အားလုံး တိုက်ရိုက်ကြည့်ရှုနိုင်မှာပါ လို့ အမေရိကန် ကွင်းလယ်လူ ခရစ်ရှန် ရိုလ်ဒန် က ပြောကြားခဲ့ပါသေးတယ်။
အသက် ၂၅ နှစ်အရွယ် အာရွန်ဆန်ဟာ နယူးဂျာစီပြည်နယ်၊ မက်ဒ်ဖို့ဒ် က လူသိများတဲ့ အမေရိကန်ဘောလုံးမိသားစုက ဖြစ်ပါတယ်။
၎င်းရဲ့ ညီဖြစ်သူ ပါ့ခ်စတန် ဟာ MLS ကလပ် ကိုလိုရာဒို ရက်ပစ်အသင်းမှာ ကစားနေပြီး၊ ညီမဖြစ်သူ ဂျေဒင် ဟာ ပြီးခဲ့တဲ့ ဆောင်းဦးရာသီက ဗီလာနိုဗာ တက္ကသိုလ်အသင်းမှာ ပထမနှစ်အဖြစ် ကစားခဲ့ပါတယ်။
၎င်းတို့ရဲ့ ဖခင် ရပ်စတီးမှာ မက်ဒ်ဖို့ဒ်ရှိ Real Futbol Academy ရဲ့ အားကစားဒါရိုက်တာ ဖြစ်ပါတယ်။
အမေရိကန်ဂိုးသမား ခရစ် ဘရေဒီ က အာရွန်ဆန်ဟာ မင်္ဂလာအခမ်းအနားမစတင်မီ သောကြာနေ့မွန်းလွဲပိုင်းမှာ ဂေါက်သီးရိုက်နေနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ကံကောင်းပါစေ။ အမှားအယွင်းမရှိစေနဲ့။ ‘လက်ခံပါတယ်’ လို့သာ ပြောလိုက်ပါ လို့ ၎င်းစခန်းမှ မထွက်ခွာမီ အသင်းဖော်တွေက အာရွန်ဆန်ကို ပြောခဲ့ကြတယ်လို့ ဘရေဒီက ဆိုပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမားတွေဟာ သြဂုတ် ၂၁-၂၃ ရက်မှာ စတင်မယ့် ပရီးမီးယားလိဂ်ရာသီသစ် မတိုင်မီ ကလပ်အသင်းတွေကို ပြန်လည်သတင်းမပို့ရသေးခင် ၂၁ ရက်ကြာ အနားယူခွင့် ရရှိရန် ဖြစ်ပါတယ်။
အမေရိကန်အသင်း အုပ်စုအဆင့်မှ ထွက်ခွာရပါက ဇွန်လ ၂၅ ရက်မှာ ပြိုင်ပွဲပြီးဆုံးမှာဖြစ်ပြီး၊ သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါက ဇူလိုင် ၁၉ ရက်အထိ ကြာမြင့်နိုင်မှာဖြစ်ပါတယ်။
ကိုးကား-ESPN PC
သတင်း-ဆလိုင်း














