Trump အစိုးရက ဒေါ်လာ ၃၆၈ သန်းတန် ပင်လယ်ရေအောက် စောင့်ကြည့်ရေးစနစ်ကြီးဖျက်သိမ်းမည်

ဇွန် ၂၊ ၂၀၂၆

Zalen

Zalen ad

အမေရိကန်သမ္မတ Donald Trump အစိုးရက ဒေါ်လာ ၃၆၈ သန်းကုန်ကျခံပြီး တည်ဆောက်ထားသည့် သမုဒ္ဒရာအောက် စောင့်ကြည့်ရေးစနစ်ကြီးကို ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်ခြင်းသည် ကမ္ဘာ့ရာသီဥတု သုတေသနလောကအတွင်း စိုးရိမ်မှုများ မြင့်တက်စေခဲ့ကြောင်း နိုင်ငံတကာသတင်းများအရသိရှိရပါတယ်။

Ocean Observatories Initiative (OOI) ဟုခေါ်သော အဆိုပါစနစ်တွင် ပင်လယ်ရေအောက် နက်ရှိုင်းရာ ဒေသများ၌ တပ်ဆင်ထားသည့် တိုင်းတာရေးကိရိယာ ၉၀၀ ကျော် ပါဝင်ပြီး သမုဒ္ဒရာရေစီး ကြောင်းများ၊ ရေအပူချိန်ပြောင်းလဲမှုများ၊ ကာဗွန်စုပ်ယူမှုနှင့် ပင်လယ်သဘာဝပတ်ဝန်းကျင် အခြေအနေများကို အချိန်နှင့် တပြေးညီ စောင့်ကြည့်ပေးနေသည့် ကမ္ဘာ့အဆင့်မီ စနစ်တစ်ခုဖြစ်ပါတယ်။

အမျိုးသားသိပ္ပံဖောင်ဒေးရှင်း (NSF) ၏ အစီအစဉ်အရ Oregon၊ Washington၊ Alaska၊ North Carolina ကမ်းလွန်ဒေသများနှင့် Greenland နှင့် Iceland ကြားရှိ ပင်လယ်ပိုင်းဒေသများတွင် တပ်ဆင်ထားသော စနစ်များကို ယခုလအတွင်း စတင်ဖယ်ရှားသွားမည်ဖြစ်ကြောင်း သိရပါတယ်။

သိပ္ပံပညာရှင်များရဲ့ အဆိုအရ သမုဒ္ဒရာများသည် ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ဖြစ်ပေါ်လာသည့် အပူစွမ်းအင်အများစုကို စုပ်ယူထားရသည့်အတွက် ပင်လယ်အတွင်း ဖြစ်ပျက်နေသည့် ပြောင်းလဲမှုများကို သိရှိနိုင်ခြင်းသည် ရာသီဥတုခန့်မှန်းရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးရေး လုပ်ငန်းများအတွက် အရေးပါလှတဲ့အရာဖြစ်ပါတယ်။

“ပင်လယ်အောက်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ မသိတော့ဘဲ ကမ္ဘာ့ရာသီဥတုကို နားလည်ဖို့ ကြိုးစားတာဟာ မျက်လုံးစည်းပြီး ကားမောင်းတာနဲ့ တူတယ်” ဟု သုတေသီတချို့က သုံးသပ်ထားပါတယ်။

Trump အစိုးရဘက်ကမူ ကုန်ကျစရိတ်လျှော့ချရေးနှင့် သုတေသနရန်ပုံငွေများကို ဦးစားပေးကဏ္ဍများသို့ ပြန်လည်ခွဲဝေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားထားပါတယ်။

ဝေဖန်သူများက ယခုဆုံးဖြတ်ချက်ဟာ အမေရိကန်နိုင်ငံ၏ သိပ္ပံသုတေသနဦးဆောင်နိုင်စွမ်းကို အားနည်းစေနိုင်သည့်အပြင် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်သော အရေးကြီးဒေတာများ ဆုံးရှုံးသွားစေနိုင်ကြောင်း သတိပေးပြောဆိုနေကြပါတယ်။

ကမ္ဘာကြီး ပူနွေးလာမှု၊ ပင်လယ်ရေမြင့်တက်လာမှုနှင့် ပြင်းထန်သော ရာသီဥတုဖြစ်စဉ်များ ပိုမိုကြုံတွေ့နေ ရသည့် ကာလတွင် ပင်လယ်အောက်မှ အချက်အလက်များကို စုဆောင်းပေးနေသည့် စနစ်ကြီးတခုကို ရပ်ဆိုင်း လိုက်ခြင်းသည် သိပ္ပံပညာရှင်များအတွက်သာမက ကမ္ဘာတဝန်းရှိ ကမ်းရိုး တန်းဒေသများ၏ အနာဂတ်အတွက်ပါ မေးခွန်းထုတ်စရာ ဖြစ်လာနေတယ်လို့ဆိုပါတယ်။

Zaya Moon

ဓာတ်ပုံ – နိုင်ငံတကာသတင်းများ

နောက်ဆုံးရသတင်းများ

လုံခြုံရေးအရ ကန့်သတ်ခဲ့တဲ့ တီးတိန်မြို့နယ် လိုင်တွီးရွာကနေ နယ်စပ် ရိဒ်ခေါဒါရ်မြို့သွားရာလမ်း ကိုပုံမှန် အတိုင်းပြန်လည်ဖွင့်လှစ်

ဇွန် ၂ ၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့နယ် လိုင်တွီးရွာကနေအိန္ဒိယ-မြန်မာနယ်စပ် ရိဒ်ခေါဒါရ်ဘက်ကိုသွားရာလမ်းကို လုံခြုံရေးအရ ကန့်သတ်ချက်ဖြင့်သာ ဖွင့်လှစ်ရာကနေ ပုံအမှန်အတိုင်းပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း CDF-Hualngo က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။ အဆိုပါ လမ်းမကြီးကို လုံခြုံရေးအရလို့ဆိုကာပြီးခဲ့တဲ့ မေလ ...

ဆက်ဖတ်ရန်