မင်းတပ်မှာ ၄ နှစ်အတွင်း စစ်ရှောင်ပြည်သူ ၇၅၀ ကျော်သေဆုံးခဲ့ရပြီး ယခုအခါပြည်သူ ၁၇၀၀၀ ခန့် ထပ်မံ စစ်ရှောင်နေရ

ဇွန်လ ၃၊ ၂၀၂၆

Zalen

အကြမ်းဖက်စစ်တပ်က မတရားအာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အကြား ၄၈ လ တာကာလမှာ မင်းတပ်မြို့နယ်အတွင်း စစ်ရှောင်ပြည်သူ ၇၆၆ ဦးသေဆုံးခဲ့ရကြောင်းနဲ့ ယခုအခါမှာလည်း မင်းတပ်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာကြောင့် ပြည်သူ ၁၇၀၀၀ ခန့် စစ်ဘေးရှောင်နေကြရတယ်လို့ မင်းတပ်မြို့နယ်စစ်ရှောင်စခန်းစီမံခန့်ခွဲရေးကောင်မတီက ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲများ ပြန်လည်ပြင်းထန်လာနေသည့်အတွက် ဒေသခံပြည်သူများ အနေဖြင့် အချိန်ကာလရှည်ကြာစွာ စစ်ဘေးရှောင်နေထိုင်ရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း ဆိုထားပါ တယ်။

Zalen ad

“နှစ်ရှည်လများမှာ အကြိမ်ကြိမ် စစ်ဘေးရှောင်ခဲ့ကြရပြီး ယခုအကြိမ်လည်း အချိန်အတော်ကြာ ထပ်ရှောင်ရဦးမယ်” လို့ ကော်မတီတာဝန်ရှိသူများကဆိုပါတယ်။

မင်းတပ်မြို့နယ် IDP Committee ရဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၆ ရက်၊ အစည်းအဝေးဆုံးဖြတ်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့တဲ့ မင်းတပ်မြို့နယ်အတွင်းရှိ ပြည်သူများရဲ့ စာရင်းကို ကျေးရွာအသီးသီးမှ IDP Committee များမှတစ်ဆင့် ကောက်ယူစုစည်းခဲ့တယ်လို့သိရ ပါတယ်။

မြို့နယ်ကော်မတီထံ ရောက်ရှိလာတဲ့ စာရင်းများအရ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ လေးနှစ်တာကာလအတွင်း သေဆုံးသူ စုစုပေါင်း ၇၆၆ ဦးရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။သေဆုံးသူများအနက် အများစုမှာ ဆေးဝါးပြတ်လပ်မှုနဲ့ နာတာရှည်ရောဂါများကြောင့် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ယခုလိုသေဆုံးသူများဟာ မင်းတပ်မြို့နယ်အတွင်း ကျေးရွာပေါင်း ၁၂၇ ရွာမှ ပြည်သူများဖြစ်ကြပြီး အမျိုးသား ၄၅၈ ဦး နဲ့ အမျိုးသမီး၃၂၃ ဦးသေဆုံးခဲ့ကြတာဖြစ်ပါတယ်။

သေဆုံးခဲ့ကြရတဲ့ အကြောင်းအရာများက ဆေးဝါးပျက်လက်မှု၊ နာတာရှည်ရောဂါ နဲ့ လေဖြတ်ခြင်း၊ အဟာရ ချို့တဲ့ခြင်း (သို့)ပျက်လတ်ခြင်း၊ ဖျားနာ၊ချောင်းဆိုး၊အစာအိမ်၊ဖောရောင်ခြင်း၊ မွေးကင်းစကလေးများအသေမွေး ခြင်း၊ မတော်တဆမှု၊ ကူးစက်ရောဂါများဖြစ်ကြတဲ့ (တီဘီ၊AIDS၊ဝမ်းပျက်ဝမ်းလျှော၊ ကာလဝမ်းရောဂါ)၊ လက်နက်ကြီး၊ လေယာဉ်နဲ့ မိုင်းဒဏ် များအပြင် မီးတွင်းသေဆုံးမှုများဖြစ်ပွားခဲ့တာလို့သိရပါတယ်။

လက်ရှိမှာ မင်းတပ်ဒေသအတွင်း တိုက်ပွဲများ ပြင်းထန်လာနေပြီး မြို့နဲ့ ဆယ်မိုင်ခန့်အကွာအဝေးမှာ စစ်ရေး တင်းမာ မှုများ ဖြစ်ပေါ်နေတာကြောင့် ဒေသခံများအနေဖြင့် ရေရှည်စစ်ဘေးရှောင်ရမည့် အခြေအနေ ပိုမိုထင်ရှား လာနေကြောင်းလည်း ဆိုထားပါတယ်။

ကော်မတီဘက်မှ စစ်ဘေးရှောင်စာရင်းများကို ဆက်လက်ကောက်ယူနေဆဲဖြစ်ပြီး လက်ရှိခန့်မှန်းချက်အရ စစ်ဘေးရှောင်ဦးရေ ၁၇,၀၀၀ ဝန်းကျင်ခန့် ရှိနိုင်ကြောင်းဆိုထားပါတယ်။

ဒါ့အပြင် ၂၀၂၆ ခုနှစ် မေလ ၃၀ ရက်နေ့မှာ မင်းတပ်မြို့နယ်အတွင်းရှိ ထင်ချောင်းကျေးရွာအား စစ်တပ်စစ်ကြောင်းတစ်ခုမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။

ဒေသခံများက လက်ရှိဖြစ်ပေါ်နေတဲ့လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းများကို ကျော်လွှားနိုင်ရန် ပြည်တွင်းပြည်ပ အကူအညီများ ဆက်လက်လိုအပ်နေကြောင်းဖော်ပြထားပါတယ်။

သတင်း – Mickey

ပုံအညွှန်း – မင်းတပ်မြို့နယ်အတွင်း စစ်ရှောင်ပြည်သူများအားတွေ့ရပုံ ( ပုံအဟောင်း)

ဓါတ်ပုံ – Mindat Township IDPs Camp Management Committee

နောက်ဆုံးရသတင်းများ

KDDI နှင့် Sumitomo တို့ MPT နဲ့ ပူးပေါင်းဆောင်ရွက်မှု အဆုံးသတ်ရန် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

ဇွန် ၂၊ ၂၀၂၆ Zalen ဂျပန်နိုင်ငံအခြေစိုက် ကုမ္ပဏီကြီးများဖြစ်သည့် KDDI Corporation နှင့် Sumitomo Corporation တို့အနေဖြင့် မြန်မာစစ်အုပ်စု ထိန်းချုပ်ထားသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို အဆုံးသတ်ပြီး မြန်မာနိုင်ငံမှ ...

ဆက်ဖတ်ရန်