မီးလောင်ဗုံးတွေပါ၀င်တဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့်  မင်းတပ်မြို့ပေါ် လူနေအိမ်အများအပြား ပျက်စီး

ဇွန် ၁၇၊၂၀၂၆

Zalen 

Zalen ad

ချင်းပြည်တောင်ပိုင်း ၊မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီတပ်က မီးလောင်ဗုံးတွေပါအသုံးပြုပြီး ၁၃ ရက်ဆက်တိုက် လေကြောင်းတိုက် ခိုက်ခဲ့တာကြောင့် မြို့ပေါ် လူနေအိမ်တွေ အများအပြားထိခိုက်ပျက်စီးသွားတယ်လို့ သတင်းရရှိပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်

ကောင်စီတပ်က  မကွေး ၊ မိတ္ထီလာ ၊ တံတားဦး၊ နေပြည်တော် ကနေတက်လာတဲ့ ဂျက်ဖိုက်တာ ၄၁ စီး အပါအ၀င် Y-12  ကင်းထောက် ၊ထောက်ပို့ယာဉ် ၃ စီးနဲ့ပါ လာရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

” နေ့တိုင်းပဲလာပစ်တာ။ နေ့တိုင်းပြေးရလွန်းလို့မအားအောင်ပါပဲ၊ ဒါက သူတို့အလုပ်ပဲလေ။ အကြမ်းဖက်တွေဆိုတော့ လူသေတာလည်း ဂရုစိုက်မှာမဟုတ်ဘူး။ အိမ်ဆောက်ပြီး နေကြတဲ့သူတွေမဟုတ်တော့ ကိုယ်ချင်းစာမှာလည်းမဟုတ်ဘူး ” လို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး  ဒေသခံတဦးက Zalen ကိုပြောပါတယ်။

စစ်ကောင်စီတပ်က မင်းတပ်မြို့အနောက် ရပ်ကွက် နဲ့ အရှေ့ပြင်ရပ်ကွက် ၊ မင်းတပ်မြို့အရှေ့ခြမ်း နေရာတွေကို လေကြောင်းကနေ နေ့စဉ်ရက်ဆက် ဗုံးကြဲခဲ့တာလို့ သူက ရှင်းပြပါတယ်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့်

မင်းတပ်အရှေ့ပြင် ၊ မနန့်ထားရပ်ကွက်ကတော့ တရပ်ကွက်လုံးနီးပါးကအိမ်တွေ ဗုံးကြဲခံရတယ်လို့ ရပ်ကွက်ဒေသခံ ကပြောပါတယ်။

” ကျွန်တော်တို့ရပ်ကွက်ကတော့ ပြောင်တော့မှာ။ ကြဲစရာလည်းမရှိတော့ပါဘူး။ ၁၁ ရက်နေ့က ကြဲတာ အိမ်ပါသွားတယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က ကျောက်ထု အမတ ၃၆၈ ကနေ တက်လာပြီး မင်းတပ်မြို့ကို အင်အားအလုံးအရင်းနဲ့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီးနောက် စစ်တပ်က လေကြောင်း အကူအညီနဲ့ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။

အဲဒီ စစ်ကြောင်း စစ်ကောင်စီတပ်က မေလ ၃၀ ရက်နေ့မှာလည်း ထင်ချောင်းရွာကို မီးရှို့ဖျက်ဆီးပြီး သက်ကြီးရွယ်အိုတဦး နဲ့ ၁၀ တန်းကျောင်းသားတဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ လူနေအိမ်တွေကို အရေအတွက် အတိအကျ မသိရသေးပါဘူး။

သတင်း – မိုးပီအောင်

ဧာတ်ပုံ – HKL

နောက်ဆုံးရသတင်းများ

တရုတ်သမ္မတ ရှီကျင့်ဖျင်က မင်းအောင်လှိုင်ကို Huawei နောက်ဆုံးပေါ် စမတ်ဖုန်း လက်ဆောင်ပေးအပ်

ဇွန် ၁၇ ၊ ၂၀၂၆Zalen တရုတ်ပြည်သူ့သမ္မတနိုင်ငံကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ဟာ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ တွေ့ဆုံဆွေးနွေးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က မင်းအောင်လှိုင်ကို ...

ဆက်ဖတ်ရန်