အိန္ဒိယနယ်စပ် ကူကီးကျေးရွာမှ ရွာသူကြီးတဦးကို ပျူစောထီးများဖမ်းဆီးငွေညှစ်

ဇွန် ၁၉၊ ၂၀၂၆
Zalen

အိန္ဒိယ၊ မဏီပူရ်ပြည်နယ်၊ တင်နိုပယ်ခရိုင်၊ အိန္ဒိယ-မြန်မာနယ်စပ် B-Bongjang ကျေးရွာသူကြီးကို တမူးမြို့ပျူစောထီးများက ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေညှစ်တောင်းခံခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်များအရသိရပါတယ်။

ယမန်နေ့ ဇွန်လ ၁၈ ရက်နေ့မနက်အစောပိုင်းက ဘုန်ရန်ကျေးရွာသူကြီး Mr Ngamson ဟာ မြန်မာဘက်ခြမ်းနယ်စပ်ခြံစည်းရိုးနဲ့ကပ်လျက်မှာရှိတဲ့ လယ်ကွင်းတနေရာသွားရောက်နေစဉ် ပျူစောထီးများက အခုလိုဖမ်းဆီးခေါ်ဆောင်သွားပြီးငွေညှစ်တောင်းခံခြင်းခံရတာဖြစ်ပါတယ်။

” မနက် ၇နာရီလောက်မှာဖြစ်သွားတာ။ ပျူစောထီးတွေကသူကြီးကိုတွေ့တော့ ဘာမှမလုပ်ပါဘူး စစ်ဆေးမေးမြန်းစရာရှိလို့ ခဏခေါ်သွားမှာပါဆိုပြီးဖမ်းခေါ်သွားတယ်။ တမူး မြို့မ(၁၄)ချောင်းနက်ကြီး(Vaipabung) ရပ်ကွက်ရောက်တော့ မြန်မာငွေ သိန်း ၅၀နဲ့ညီမျှတဲ့ ရူပီးငွေ ၁သိန်း ၂သောင်းနဲ့ လာပြန်ရွေးရမယ်လို့ပြောတယ်” လို့ သတင်းအရင်းအမြစ်တဦးက ပြောပါတယ်။

Zalen ad

အခုလိုပျူစောထီးများက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အိန္ဒိယကျေးရွာသူကြီးကို တမူး မြို့မ(၁၄) ပျူစောထီးအဖွဲ့က မြန်မာငွေသိန်း ၅၀ နဲ့ညီမျှတဲ့ ရူပီးငွေ ၁သိန်း ၂သောင်းကျပ်နဲ့ ပြန်‌လည်ရွေးယူဖို့ ငွေညှစ်တောင်းခဲ့တယ်လို့ဆိုပါတယ်။

အဲဒီအိန္ဒိယ ကျေးရွာသူကြီးဖမ်းဆီးခံရတဲ့ အကြောင်းကို မိုးရေးမြို့ အရပ်ဘက်အဖွဲ့အစည်းများနဲ့မိသားစုဝင်များက သက်ဆိုင်ရာ အိန္ဒိယ အာသံရိုင်ဖယ်တပ်များထံ အသိပေးတိုင်ကြားခဲ့ကြတာကြောင့် အိန္ဒိယစစ်တပ်က မြန်မာစစ်ကောင်စီထံ အဲဒီရွာသူကြီးကိုပြန်လွှဲပေးဖို့ အသိပေးခဲ့တယ်လို့သိရပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီတပ်က ပျူစောထီးအဖွဲ လက်ထဲမှာဖမ်းဆီးရတဲ့ အိန္ဒိယရွာသူကြီးကို ထုတ်ယူပြီး အိန္ဒိယ-မြန်မာအမှတ်(၁)နယ်စပ်ဂိတ်မှာ မိုးရေးမြို့ဘက်ကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ဒေသသတင်းများကလည်းဖော်ပြထားပါတယ်။

ဒေသသတင်းအရင်းအမြစ်များပြောပြချက်အရ အခုလိုမြန်မာစစ်တပ်ကအဆိုပါ ရွာသူကြီးကိုပြန်လည်‌လွှဲ ပြောင်းပေးရာမှာ အိန္ဒိယ ရူပီး ၁သိန်းနဲ့ လှဲလှယ်ခဲ့တာဖြစ်ပြီး အခုလိုငွေကြေးနဲ့လှဲလည်ရတဲ့ အကြောင်းအရင်းကိုတော့ မသိရှိရပါ။

သတင်း – Yongpithong

ပုံစာ-မြန်မာစစ်တပ်က အိန္ဒိယစစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ အိန္ဒိယကျေးရွာသူကြီးအားတွေ့ရစဉ်။

ဓာတ်ပုံ – ဒေသသတင်းများ

ကိုးကား-ဒေသသတင်းများ

နောက်ဆုံးရသတင်းများ

ရုရှား-အာဆီယံ ထိပ်သီးပွဲမှာ မြန်မာအမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းနဲ့ ရုရှားသမ္မတ ပူတင်တို့ တွေ့ဆုံဆွေးနွေး

ဇွန် ၁၉၊ ၂၀၂၆Zalen ရုရှားနိုင်ငံ ကာဇန်မြို့မှာ လုပ်ခဲ့တဲ့ အာဆီယံ-ရုရှား ထိပ်သီးဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ လူကိုယ်တိုင် လက်ဆွဲနှုတ်ဆက် တွေ့ဆုံခဲ့ပြီး မြန်မာပြည်ရဲ့ လက်ရှိအခြေအနေတွေကို ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ ...

ဆက်ဖတ်ရန်