မင်းတပ်မြို့နယ်အတွင်း အရပ်သားပစ်မှတ်ထားပြီး စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲလို့ ထိခိုက်ဒဏ်ရာ တစ်ဦးရှိ

ဇူလိုင် ၇၊၂၀၂၆

Zalen

ချင်းပြည်နယ် ၊မင်းတပ်မြို့နယ် တိုက်နယ် ၂ ဘက် ကို မနေ့ည ၁၀ နာရီ၀န်းကျင်မှာ စစ်တပ်က အရပ်သားပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုမှာ တံတားဦးကနေတက်လာတဲ့ ဂျက်ဖိုက်တာ တစ်စီးနဲ့  အရပ်သားပစ်မှတ်ထားပြီး ပေါက်ကွဲအားပြင်းတဲ့ ဗုံးသီးအသုံးပြုပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Zalen ad

” ဆေးခန်းကိုဗုံးလာကြဲတာ။ အရပ်သားတွေပဲ နေတာလေ။ လေကြောင်းတိုက်ခိုက်လို့ဒဏ်ရာရတဲ့အမျိုးသမီးတစ်ယောက်ရှိတယ်။သက်လတ်ပိုင်းလို့ပြောတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက Zalen ကိုပြောပါတယ်။

ဆက်လက်ပြီး  လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားလူနေအိမ် ၁၀ လုံးကျော်ထိခိုက်မှုရှိတယ်လို့ ၎င်းက ရှင်းပြပါတယ်။

ဒါ့အပြင် အဲဒီ တံတားဦး ကနေတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက ပထမအကြိမ်မှာ မင်းတပ်မြို့တစ်နေရာကို ၁ ကြိမ် ၊ ဗုံးနှစ်လုံး နဲ့ကြဲချတိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ကလည်း မင်းတပ်အရှေ့ခြမ်း ကို Y-12 လေယာဉ်နဲ့  ဗုံးသီးအလုံး ၃၀ ကျော် ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း – မိုးပီအောင်

ဓာတ်ပုံ – HKL

နောက်ဆုံးရသတင်းများ

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မုံရွာ-ကလေးဝလမ်းပိုင်းရှိ ယာဉ်များကို ထွန်စက်များဖြင့် ဆွဲထုတ်နေရ

ဇူလိုင်  ၆၊  ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ မုံရွာ-ကလေးဝလမ်းပိုင်းဟာ အခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ခရီးသည်တင် ကားများနဲ့ ကုန်တင်ကားများ အသွားအလာ အခက်အခဲဖြစ်နေတယ်လို့ ဒေသအတွင်းသတင်း ရင်းမြစ်များ ထံမှသိရပါတယ်။ ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် အဲဒီ မုံရွာ-ကလေးဝ ...

ဆက်ဖတ်ရန်