ဧဝံဂေလိဆရာတော် Lar Boih ကို ဒုတိယအကြိမ် ချုပ်ရမန်ယူ

သက်ငယ်မိန်းကလေးနှစ်ဦးကို မုဒိမ်းပြုကျင့်သည်ဟုစွပ်စွဲထားသော ဧဝံဂေလိဆရာတော် Lal Biak Lar@Lar Boih ကို ယနေ့(ဧပြီ ၂၇)ရက်၌ ကလေးမြို့ ခရိုင်တရားရုံးတွင် ဒုတိယအကြိမ် ချုပ်ရမန်ယူထားကြောင်းသတင်းရရှိသည်။

“မေလ(၁၁)ရက်နေ့ထိ ချုပ်ရမန်ထပ်ယူထားတယ်။ တတိယအကြိမ်ရုံးထုတ်ရမှာလည်း (၁၁)ရက်နေ့ပဲ။ အဲ့ချိန်မှာ အမှုဖြစ်စဉ်တွေကို တရားရုံးမှာတင်ပြမှာ”ဟု တာဟန်းရဲစခန်းမှတာဝန်ရှိသူကဆိုသည်။

ကလေးမြို့နယ် လက်ပံချောင်းကျေးရွာတွင်နေထိုင်သော ဧဝံဂေလိဆရာတော် Lal Biak Lar@Lar Boih သည် ၎င်းနေအိမ်တွင် ဖလမ်းမြို့နယ်မှ လာရောက်နေထိုင်သော မိုင်…..(၁၅)နှစ်ကို ၂၀၁၅ ခုနှစ် ဇွန်လပိုင်းတွင်လည်းကောင်း၊ မိုင်……(၁၄)နှစ်ကို ၂၀၁၈ ခုနှစ် ဧပြီလတွင်လည်းကောင်း အဓမ္မပြုကျင့်ရန်ကြိုးစားအားထုတ်မှု၊ နာကျင်စေမှုတို့ကြောင့် ကလေးမြို့နယ် ရဲစခန်းမှ ပုဒ်မ (၃၇၆/၅၁၁)၊ (၃၂၃)၊ (၅၀၆) တို့ဖြင့် ဧပြီလ(၁၃)ရက်တွင် အမှုဖွင့်ဖမ်းဆီးပြီး ချုပ်ရမန်ယူခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းများ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့အကြိုအဖြစ် Proof of Life လှုပ်ရှားမှုမှာ ဒေါက်တာဆာဆာ ပါဝင်

ဇွန် ၁၃၊ ၂၀၂၆Zalen လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဒေါက်တာဆာဆာက Proof of Life ကမ်ပိန်းမှာ ပါဝင်ကြောင်း သူ့ရဲ့ ...

ဆက်ဖတ်ရန်