မြန်မာ-အိန္ဒိယနယ်စပ်တီအိုးချောင်းတွင် ကလေးမိခင်တစ်ဦး ရေနစ်သေဆုံး

မြန်မာ-အိန္ဒိယနယ်စပ်တီအိုးချောင်းတွင် ခရုကောက်စဉ် ကလေးမိခင်တစ်ဦး ရေနစ်သေဆုံး

ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့အနီးရှိ တီအိုးချောင်းတွင် အမျိုးသမီး ၂ ဦး ခရုကောက်စဉ် ခြေချော်လဲပြီး ကလေးမိခင်တစ်ဦးရေနစ်သေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ ရိခေါ်ဒါရ်မြို့ အမှတ် (၂)တွင်နေထိုင်တဲ့ ဒေါ်လာလ်နွန်ကျန်း (၂၄ နှစ်)နဲ့ သူငယ်ချင်းတစ်ယောက်ဟာ စက်တင်ဘာ (၁၆)ရက် မနက် ၁၀ နာရီခွဲခန့်တွင် ခရုကောက်ဖို့ မြန်မာ နဲ့ အိန္ဒိယနိုင်ငံကိုခြားထားတဲ့ တီအိုးချောင်းသို့ သွားကြပါတယ်။ ခရုကောက်စဉ်ခြေချောလဲပြီး ရေစီးအတိုင်းမျောပါရာ စက်တင်ဘာ (၁၇)ရက်တွင် တီအိုးချောင်းကမ်းစပ်မှာရှိတဲ့ အိန္ဒိယနိုင်ငံ၊ ဘူလ်ဖက်ကျေးရွာအနီးတွင် ယင်းရွာသားတွေက အလောင်းတွေ့ရှိကြပါတယ်။

ရိခေါ်ဒါရ်မြို့ အမှတ် (၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချန်လျန်နာ က “သေဆုံးသွားတဲ့အမျိုးသမီးမှာ ကလေး ၂ ယောက်လားရှိတယ်။ သူ့ယောကျ်ားကလည်း တပ်ပြေးလို့ဆိုပြီးထောင်ကျနေတယ်။ ဖြစ်သွားပုံက သူကိုင်ထားတဲ့ တုတ်ချောင်းမျောသွားတာကို ချက်ချင်းကြီးပြေးလိုက်တာကြောင့် အခုလိုဖြစ်သွားတယ်။ သူနဲ့အတူတူသွားတဲ့အမျိုးသမီးက အခင်းဖြစ်တဲ့နေရာနဲ့ အနီးဆုံးအိမ်ကို သတင်းမပို့ပဲ မျောပါသွားတဲ့ အမျိုးသမီးတို့အိမ်ကို အကြောင်းသွားကြားတာ။ သူတို့အိမ်ကလည်း ဟိုအဝေးကြီးဆိုတော့ မကယ်နိုင်တော့ဘူး။ အခင်းမဖြစ်ပွားခင် ညက မိုးတာအားရွာတော့ ချောင်းရေနည်းနည်းကြီးတာ။ ဒီနှစ်ကမိုးနည်းတော့ အရင်နှစ်တွေလောက် ချောင်းရေက သိပ်မများပါဘူး” လို့ပြောပါတယ်။

Zalen ad

ဒေါ်လာလ်နွန်ကျန်းဟာ မြန်မာ – အိန္ဒိယ နယ်စပ်တံတားရဲ့အထက်ဘက်တွင် အခုလိုမတော်တဆမှုဖြစ်ပွားခဲ့ပြီး ၎င်းရဲ့အလောင်းကတော့ ယင်းနေရာရဲ့ ၄ မိုင်ခန့်အကွာမှာပြန်လည်တွေ့ရှိခဲ့ကြတယ်။

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်