ကလေးမြို့ပေါ် ရပ်ကွက် (၅)ရပ်ကွက်ကို Stay at Home သတ်မှတ်ဖို့ တိုင်းအစိုးရထံတင်ပြထား

ကလေးမြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ အောင်သစ္စာ၊ တပ်ဦးသီတာ၊ ချမ်းမြေ့အောင်စည်၊ အောင်မင်္ဂလာ၊ မြို့သာရပ်ကွက်တွေကို ဒီဇင်ဘာလ (၈)ရက်နေ့တွင် Stay at Home သတ်မှတ်ဖို့ မြို့နယ်အဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက တင်ပြထားပါတယ်။

ကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျူံးလျန်ထန်းက “မနေ့ညက မြို့နယ်ရုံးမှာ မြို့မိမြို့ဖ၊ ကိုဗစ်ကော်မတီတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့အစည်းအဝေးလုပ်ကြတယ်။ အဲ့ဒါကို ခရိုင်ကိုတင်တယ်။ ခရိုင်က မနေ့ည ၉ နာရီမှာ တိုင်းကိုတင်တယ်။ တိုင်းအစိုးရရဲ့ခွင့်ပြုချက်ရတာနဲ့ Stay at Home ဆောင်ရွက်မယ်။ ဘာလို့လဲဆိုရင် အဲ့ဒီရပ်ကွက်တွေမှာ ရောဂါကူးစက်မှုများလို့။ တချို့က တစ်မြို့လုံး Stay at Home ဆောင်ရွက်ဖို့ဆိုတာလည်းရှိတယ်။ တချို့က ရောဂါပိုများတဲ့နေရာတွေ Stay at Home ဆောင်ရွက်ဖို့ဆိုတဲ့သူတွေရှိတယ်။ နောက်ဆုံး ရောဂါကူးစက်မှုများတဲ့ ရပ်ကွက်ကိုပဲ Stay at Home ဆောင်ရွက်ဖို့အတည်ပြုလိုက်တယ်။ အဲ့လိုမလုပ်ရင် တစ်ရက်မှာ ၁၀ ယောက်လောက် Positive တွေ့တော့ မကာကွယ်နိုင်ဘူး။

ဒါ့ပြင် ကလေးမြို့အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများရဲ့ ၆၅ ရာခိုင်နှုန်းကျော်ဟာ ရောဂါလက္ခာဏာမပြပဲ ကျန်းမာနေသူများဖြစ်ပြီး မြို့နယ်အတွင်း ရောဂါဖြစ်ပွားမှု များပြားနေတာကြောင့် ခရီးထွက်ခွာ သွားလာရန် ကျန်းမာကြောင်း ထောက်ခံစာကို ဒီဇင်ဘာလ (၈)ရက်ကစပြီး ထုတ်မပေးတော့ဘူးလို့ ကလေးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကြေညာထားပါတယ်။

(Zawgyi)

Zalen ad

ကေလးၿမိဳ႕ေပၚ ရပ္ကြက္ (၅)ရပ္ကြက္ကို Stay at Home သတ္မွတ္ဖို႔ တုိင္းအစိုးရထံတင္ျပထား

ကေလးၿမိဳ႕အတြင္းရွိ ၿမိဳ႕ေပၚရပ္ကြက္ေတြျဖစ္တဲ့ ေအာင္သစၥာ၊ တပ္ဦးသီတာ၊ ခ်မ္းေျမ႔ေအာင္စည္၊ ေအာင္မဂၤလာ၊ ၿမိဳ႕သာရပ္ကြက္ေတြကို ဒီဇင္ဘာလ (၈)ရက္ေန႔တြင္ Stay at Home သတ္မွတ္ဖို႔ ၿမိဳ႕နယ္အဆင့္ COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုန္႔ျပန္ေရးေကာ္မတီက တင္ျပထားပါတယ္။

ကေလးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးက်ဴံးလ်န္ထန္းက “မေန႔ညက ၿမိဳ႕နယ္ရံုးမွာ ၿမိဳ႕မိၿမိဳ႕ဖ၊ ကိုဗစ္ေကာ္မတီေတြ၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြနဲ႔အစည္းအေဝးလုပ္ၾကတယ္။ အဲ့ဒါကို ခရုိင္ကိုတင္တယ္။ ခရိုင္က မေန႔ည ၉ နာရီမွာ တုိင္းကိုတင္တယ္။ တုိင္းအစိုးရရဲ႕ခြင့္ျပဳခ်က္ရတာနဲ႔ Stay at Home ေဆာင္ရြက္မယ္။ ဘာလို႔လဲဆိုရင္ အဲ့ဒီရပ္ကြက္ေတြမွာ ေရာဂါကူးစက္မႈမ်ားလို႔။ တခ်ဳိ႕က တစ္ၿမိဳ႕လံုး Stay at Home ေဆာင္ရြက္ဖို႔ဆိုတာလည္းရွိတယ္။ တခ်ဳိ႕က ေရာဂါပိုမ်ားတဲ့ေနရာေတြ Stay at Home ေဆာင္ရြက္ဖို႔ဆိုတဲ့သူေတြရွိတယ္။ ေနာက္ဆံုး ေရာဂါကူးစက္မႈမ်ားတဲ့ ရပ္ကြက္ကိုပဲ Stay at Home ေဆာင္ရြက္ဖို႔အတည္ျပဳလုိက္တယ္။ အဲ့လိုမလုပ္ရင္ တစ္ရက္မွာ ၁၀ ေယာက္ေလာက္ Positive ေတြ႔ေတာ့ မကာကြယ္ႏိုင္ဘူး။

ဒါ့ျပင္ ကေလးၿမိဳ႕အတြင္း ကိုဗစ္-၁၉ ေရာဂါပိုးေတြ႔ရွိသူမ်ားရဲ႕ ၆၅ ရာခိုင္ႏႈန္းေက်ာ္ဟာ ေရာဂါလကၡာဏာမျပပဲ က်န္းမာေနသူမ်ားျဖစ္ၿပီး ၿမိဳ႕နယ္အတြင္း ေရာဂါျဖစ္ပြားမႈ မ်ားျပားေနတာေၾကာင့္ ခရီးထြက္ခြာ သြားလာရန္ က်န္းမာေၾကာင္း ေထာက္ခံစာကို ဒီဇင္ဘာလ (၈)ရက္ကစၿပီး ထုတ္မေပးေတာ့ဘူးလို႔ ကေလးခရိုင္ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ေၾကညာထားပါတယ္။

နောက်ဆုံးရသတင်းများ

စစ်မှုမထမ်းမနေရအဆိုကို ချင်းပြည်ကောင်စီအတည်ပြုပြီး စတင်အကောင်အထည်ဖော်နေ

မတ် ၁၂ ၊ ၂၀၂၆ Zalen အရွယ်ရောက်ပြီးကျန်းမာသူတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့အဆိုပြုချက်ကို ချင်းပြည်ကောင်စီအဖွဲ့ဝင် အားလုံး သဘောတူညီချက်ဖြင့် အတည်ပြုလိုက်ပြီး လတ်တလောမှာ စတင်အကောင်အထည်ဖော်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF ) မှ ဗိုလ်မှူးကြီးဆော်လမွန်က  ဒီကနေ့မနက်ပိုင်း ...

ဆက်ဖတ်ရန်