ကလေးမြို့တွင် အမဲခုံကလူ (၅)ယောက်ကို စစ်တပ်က ထိုးကြိတ်ရိုက်နှိပ်ပြီးဖမ်းဆီးခေါ်ဆောင်

ကလေးမြို့ တောင်ဖီလာရပ်ကွက်ရှိ တောင်ဖီလာကောက်ကွင်းလမ်းဘေးက အမဲခုံတွင်ထိုင်နေတဲ့ လူ (၅)ဦးကို စစ်သားတွေက မနေ့ နေ့လည်ပိုင်းက ထိုးကြိတ်ရိုက်နှိပ်လို့ ဒဏ်ရာအသီးသီးရရှိကြတယ်လို့သိရပါတယ်။

တာဟန်းဘက်ကနေ မြို့လှဘက်ကိုသွားနေတဲ့ စစ်သားတွေက လမ်းဘေး အမဲခုံတွင်ဈေးရောင်းနေတဲ့ မွန်ထာရွာက (၂)ဦး၊ မြို့လှရွာက (၃)ဦးကို ဘာအကြောင်းပြချက်မှမရှိဘဲ တုတ်၊ သေနတ်ဒင်နဲ့ထိုးကြိတ်ကြပါတယ်။

မျက်မြက်သက်သေတစ်ဦးက “သူတို့အားလုံး ထိုးကြိတ် ရိုက်နှိပ်တာ ခံရတယ်။ စစ်သားတွေက သစ်သာ ၂-၁ အရွယ်နဲ့ရိုက်တယ်။ သေနတ်ဒင်နဲ့လည်းရိုက်တယ်။ ဦးခေါင်းတွေလည်းအရိုက်ခံရလို့ ဦးခေါင်းကွဲတာလည်းရှိတယ်။ ပြီးတော့ မြို့မရဲစခန်းကို ခေါ်သွားပြီး ညနေပိုင်းမှာ ဆွေမျိုးတွေက ငွေကြေးအနည်းငယ်ပေးပြီးတော့ ပြန်လွတ်လာတယ်” လို့ပြောပါတယ်။

Zalen ad

မနေ့က ကလေးမြို့တွင် စစ်တပ်နဲ့ ရဲက ပစ်ခတ်လို့ လူ (၃)ဦးသေဆုံးပြီး ပြည်သူ့ဆေးရုံတွင် ပိုင်ရှင်မသိရသေးတဲ့ အလောင်း တစ်လောင်းရှိတယ်လို့လည်းသိရပါတယ်။

မနေ့က ဆန္ဒဖော်ထုတ်တဲ့ထဲမှာပါတဲ့ လူငယ် (၈)ဦးကျော် ဖမ်းဆီးခံရပါတယ်။

နောက်ဆုံးရသတင်းများ

မင်းတပ်မြို့နယ်အတွင်း အရပ်သားပစ်မှတ်ထားပြီး စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲလို့ ထိခိုက်ဒဏ်ရာ တစ်ဦးရှိ

ဇူလိုင် ၇၊၂၀၂၆ Zalen ချင်းပြည်နယ် ၊မင်းတပ်မြို့နယ် တိုက်နယ် ၂ ဘက် ကို မနေ့ည ၁၀ နာရီ၀န်းကျင်မှာ စစ်တပ်က အရပ်သားပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုမှာ တံတားဦးကနေတက်လာတဲ့ ...

ဆက်ဖတ်ရန်