ကလေးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်လို့ ပြည်သူ ၃ ဦးကျဆုံး

ကလေးမြို့နယ် ချောင်းခွကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်လို့ ချောင်းခွ နဲ့ ဝေဘူလရွာသား (၃)ဦးကျဆုံးသွားတယ်လို့ဒေသခံတွေထံမှသတင်းရရှိပါတယ်။

ဒေသခံတစ်ဦးက “စစ်သားတွေက ကလေးဘက်ကနေ ဒီနေ့ နေ့လည် ၂ နာရီလောက်ကစပြီးလာတယ်။ လမ်းမှာ တားတဲ့သူလည်းမရှိတော့ စည်သာတံတားလည်း မိုင်းခွဲထားလို့ ခြေလျင်နဲ့လာတယ်။ ကားလမ်းပေါ်ကနေ တည့်တည့်မလာပဲ ဝေဘူလတောင်ဘက်ကနေပတ်လာတယ်။ စစ်သားက ၄၀ ဝန်းကျင်ရှိမယ်။ တောင်အောက် စပျစ်ခြံပိုင်ရှင်ဖမ်းပြီး လမ်းပြခိုင်းတယ်။ ချောင်းခွ RC ဘုရားကျောင်းကနေ ရွာထဲဝင်ပြီး သေနတ်ပစ်ခတ်ရင်း ဂန့်ဂေါလမ်းဘက်ထိသွားတယ်။ အဲ့မှာ ပြည်သူနဲ့ပစ်ကြတယ်။ လက်နက်ကြီးလည်းသုံးတယ်။၁၀ ကြိမ်ထက်မကပစ်ကြတယ်။ အသံအရမ်းကျယ်တာပဲ” လို့ပြောပါတယ်။

ကျဆုံးသွားတဲ့သူတွေကတော့ နာမကျန်းဖြစ်နေလို့ မိမိအိမ်အောက်မှာထိုင်နေတဲ့ ချောင်းခွရွာသား ရင်ဘတ်ထိပြီးသေဆုံးတဲ့ ဦးအောင်ဆန်းဝင်း (၄၈ နှစ်)၊ အိမ်အောက်တွင် နွားစာကျွေးနေတဲ့ U Ram Hlur (Nai Meng Pa) ၆၈ နှစ်၊ ချင်းပြည်နယ် ဝေဘူလရွာမြို့သား Salai Maximin တို့ဖြစ်ပါတယ်။

Zalen ad

ဆည်တောကျေးရွာအနီး မဏီပူရ်မြစ်ဖြတ်ကူးတံတားဖြစ်တဲ့ ကမ္ဘာနီးတံတားတွင်လည်း ပြည်သူနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ဒီနေ့ နေ့လည်က လက်နက်ကြီးတွေနဲ့ (၁၀)ကြိမ်ထက်မကပစ်ခတ်ခဲ့လို့ ပြည်သူတွေ နောက်ဆုတ်ခဲ့ရပါတယ်။

နောက်ဆုံးရသတင်းများ

မတ်လ ၂၈ ရက် အင်အားပြင်းငလျင်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒိုတရားစွဲဆိုမှု စတင်

ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆ Zalen မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ၇ ဒဿမ ၇နှင့် ၇ ဒဿမ ၅ အဆင့်ရှိတဲ့ အင်အားအလွန်ပြင်းသော ...

ဆက်ဖတ်ရန်