ဝယ်ဆလီဆေးရုံဝန်ထမ်းတစ်ဦး အိမ်အပြန်လမ်းမှာ မအလတပ်ရဲ့ ပစ်ခတ်ဖမ်းဆီးခံရ

ကလေးမြို့၊ တာဟန်းရပ်ကွက်က ပုဂ္ဂလိကဆေးရုံဖြစ်တဲ့ ဝယ်ဆလီဆေးရုံက ညတာဝန်ကျတဲ့ ဝန်ထမ်း ဦးလာလ်စီရန်လျန်နာ-U Lalsiamliana (၂၅ နှစ်)ဟာ မနက်ပိုင်းအိမ်ပြန်စဉ် လမ်းမှာ မအလစစ်တပ်က ပစ်ခတ်ပြီးဒဏ်ရာနဲ့ဖမ်းဆီးခံရပါတယ်လို့သတင်းရရှိပါတယ်။

ဝယ်ဆလီဆေးရုံဝန်ထမ်းတစ်ဦးက “သူက ညတာဝန်ကျတဲ့ မီးစက်ဆရာပါ။ မနက်ပိုင်း ၆ နာရီမှာ ညတာဝန်ကျနဲ့ နေ့တာဝန်ကျလဲတတ်ကြတယ်။ မနက် ၉ နာရီလောက်မှာ အိမ်ပြန်ရင်အခြေအနေဟန်မလာဆိုပြီး လမ်းထောင့်ကနေ သွားကြည့်တာ။ လမ်းထောင့်က ဈေးတန်းနားမှာ ပုန်းနေကြတဲ့ စစ်သားတွေကလှန်းပစ်တဲ့ချိန်မှန်သွားတယ်။ ဗိုက်မှန်တာလာဘယ်နားမှန်လဲဆိုတာ အတိအကျမပြောနိုင်ဘူး။ ဝန်ထမ်း ၂ ယောက်က သူ့ကိုသွားဆွဲဖို့သွားကပ်တဲ့ချိန်မှာ စစ်သားတွေရောက်လာလို့ သူတို့လည်းအပစ်ခံရတယ်။ သေနတ်မမှန်လို့တော်ပါသေးတယ်။ အဲ့လိုနဲ့ စစ်သားတွေ သူ့ကို သယ်သွားကြတယ်။ သူ့ကို စစ်တပ်ဆေးရုံထားမှာ ထားတယ်လို့သတင်းရတယ်” လို့ပြောပါတယ်။

ဦးလာလ်စီရန်လျန်နာ-U Lalsiamliana မြို့လှရပ်ကွက်မှာနေထိုင်ပြီး ကလေး ၃ ယောက်ရဲ့ဖခင်ဖြစ်ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါး ဈေးတက်လာပြီး လူတဦးကို ၈ထောင်ဖိုးသာ ရောင်းချ

ဧပြီ ၂၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဓာတ်ဆီတဂါလံ ငါးသောင်းနီးပါးအထိမြင့်တက်လာပြီး ဆီဆိုင် တချို့က အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၁၂၀၀၀ ၀န်းကျင်အထိ ဈေးတက်နေပြီး ...

ဆက်ဖတ်ရန်