ကလေးမြို့ ခံတပ်ဖြိုခွဲစဉ် ပြည်သူ ၁၈ ဦးဖမ်းဆီးခံရ

အကြမ်းဖက်သမား မအလစစ်တပ်က ကလေးမြို့ တာဟန်းခံတပ်ဖြိုခွဲစဉ် KCAအဖွဲ့ဝင် ပြည်သူ ၁၈ ဦးဖမ်းဆီးထားတယ်လို့သတင်းရရှိပါတယ်။

တာဟန်းခံတပ်ကို တပ်မ ၉၉ က တိုက်ပွဲပုံစံနဲ့ လက်နက်ကြီး လက်နက်ငယ်မျိုးစုံအသုံးပြုကာ ပစ်ခတ်တာဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ KCA- Kalay Civil Army အဖွဲ့နဲ့အတူ 12 bore ကျည်ဖြင့် ပစ်ခတ်ရသော လုပ်သေနတ် ၄ လက်၊ လက်လုပ်သေနတ် ၁၁ လက်၊ ဂတ်စ်သေနတ် ၁၂ လက်၊ တူမီးသေနတ် ၄ လက်၊ လက်လုပ်ဗုံး ၅ လုံး၊ လက်လုပ်မိုင်း ၈ လုံး၊ 12 bore ကျည် ၄၁ တောင့်၊ မီးပုလင်း ၈ လုံး၊ ဝါယာကြိုး ၈ ခွေ၊ ဘထ္ထရီ ၁ လုံး၊ သတ္ထုဒိုင်း ၄ ခု သိမ်းထားတယ်လို့သိရပါတယ်။

Zalen ad

ပြည်သူဘက်မှ ကျဆုံးသူ ၁၂ ယောက်ရှိပြီး ဒဏ်ရာရရှိသူ ၃၅ ဦးရှိတယ်လို့သတင်းရရှိပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာပြည်က သတ္တုတွင်းညစ်ညမ်းမှုကိစ္စ ကုလမေးခွန်းတွေကို အကြောင်းပြန်ဖို့ ထိုင်းအစိုးရကို လွှတ်တော်ကော်မတီ သတိပေး

ဇူလိုင် ၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံထဲက စည်းကမ်းမဲ့ သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုတွေ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လွတ်လပ်တဲ့ ကျွမ်းကျင်သူတွေရဲ့ မေးမြန်းချက်တွေကို အကြောင်းပြန်ပေးဖို့ ထိုင်းအစိုးရကို ...

ဆက်ဖတ်ရန်